ဇလွန်မြို့မာရ် အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ တပေါင်းလ ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃပူဇာပွဲ (အောင်ပွဲ)အခမ်းအနားနှင့် သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇလွန်မြို့မာရ် အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ တပေါင်းလ ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃပူဇာပွဲ (အောင်ပွဲ)အခမ်းအနားနှင့် သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ



MNP - မတ်    ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့မာရ် အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ တပေါင်းလ ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃပူဇာပွဲ (အောင်ပွဲ)အခမ်းအနားကို မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ ဂန္ဓာကုဋီတိုက်အတွင်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ (အောင်ပွဲ)အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး နာယကလယ်ဦးကျောင်း ဆရာတော် ဘဒ္ဒန္တဝိသာရဒထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့သည်။ ယင်းနောက် မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ အကျိုးတော်ဆောင် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေက သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြခဲ့ပြီး ပင့်သံဃာ ဆရာတော်၊ သံဃာတော် (၃၂)ပါးအား စုစုပေါင်း ငွေကျပ်သိန်း (၃၈၅၀၀၀၀) နဝကမ္မဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် နာယကလယ်ဦးကျောင်း ဆရာတော် ဘဒ္ဒန္တဝိသာရဒက အနုမောဒနတရား ချီးမြှင့်ခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ မောင်း၊ ကြေးစည်၊ ထိုးစည်များ တီးခတ်ပြီး အောင်ပွဲအခမ်းအနား ပြီးမြောက်ကြောင်း ကြေညာခဲ့သည်။

ယင်းနောက် သံဃာတော်များအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ဇလွန်မြို့မာရ် အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ ဝန်းအတွင်း ကျင်းပပြုလုပ်ရာ မြို့ပေါ်ကျောင်းပေါင်း (၄၀)ရှိ ဆရာတော်၊ သံဃာတော် (၅၆၄)ပါးအား စာရေးတံမဲ အလှူငွေကျပ်သိန်း (၃၃၁၀၀၀၀)၊ ဆွမ်းဆန်စိမ်းလောင်းလှူငွေကျပ်သိန်း (၁၃၅၄၂၉၀၀) လောင်းလှူဆက်ကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း - ဝေယံ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)