MNP - မတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ သောက်သုံးရေအခက်ခဲရှိသော အိမ်ထောင်စုများထံသို့ ယမန်နေ့နံနက် ၇ နာရီအချိန်မှ စတင်၍ ရေဘောက်ဆာကားများဖြင့် သောက်သုံးရေများပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်စီစဉ်မှုဖြင့် မြို့နယ်အတွင်း ရေပြတ်လပ်လျက်ရှိသော ရပ်ကွက်များသို့ ရေလှူဒါန်းနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးဇေဝဏ္ဏလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမိုးသီဟဇော်နှင့်အဖွဲ့ဝင်များ ညှိနှိုင်း၍ ရေလိုအပ်လျက်ရှိသောပြည်သူများ၏ ရေလိုအပ်ချက်များအား ဌာနအားလုံးမှ ပူးပေါင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိရေပြတ်လပ်လျက်ရှိသော စံပြရပ်ကွက်ရှိ ဥက္ကာရာမ ဘုန်းကြီး ကျောင်း၊ ကန်ဉီးဘုန်းကြီးကျောင်း၊ ပါရမီဘုန်းကြီးကျောင်းများ၊ စံပြ (၅)လမ်း၊ စီမံကိန်း အပိုင်း၇/၈နှင့် (ခ)ရပ်ကွက်ရှိ မဟာမြိုင်လမ်း၊ အောင်ဇေယျလမ်း၊ ဉီးဖေသင်လမ်း တို့တွင်နေ ထိုင်ကြသော အိမ်ထောင်စု (၁၃၅၀)ရှိ ပြည်သူများထံသို့ ရေဂါလံပေါင်း(၁၇၆၀၀) ရေပေး ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်း - စန္ဒာမိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment