ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ညောင်တုန်းမြို့နယ်၊ အရွှဲဝဲ‌ဒေါင့်ကျေးရွာရှိ တောင်သူဦးစံဝင်း၏ ရေစင်း(၁)နေကြာ (၄)ဧကစိုက်ခင်းသို့ ဝင်ရောက်ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ညောင်တုန်းမြို့နယ်၊ အရွှဲဝဲ‌ဒေါင့်ကျေးရွာရှိ တောင်သူဦးစံဝင်း၏ ရေစင်း(၁)နေကြာ (၄)ဧကစိုက်ခင်းသို့ ဝင်ရောက်ကြည့်ရှုစစ်ဆေး

 


MNP - မတ်    ၂၉

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကျောင်းစုအုပ်စု အရွှဲဝဲဒေါင့်ရွာ၊ ပန်တိုင်တောင်ကွင်းအမှတ် (၄၃၅)ရှိ တောင်သူဦးစံဝင်း၏ ရေစင်း(၁)နေကြာ (၄)ဧကစိုက်ခင်းသို့ ကြည့်ရှုစစ်ဆေးခဲ့‌‌သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးလူချော၊ နေကြာစိုက်တောင်သူ (၃၀)ဦးနှင့် တွေ့ဆုံ၍ ပြည်တွင်းစားသုံးမှု ဖူလုံရေးသာမက နိုင်ငံခြားဝင်ငွေ ရရှိရေးအတွက် အခြားဆီထွက်သီးနှံများအပြင် စားသုံးဆီဖူလုံရေး နေကြာ တိုးချဲ့ စိုက်ပျိုးရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်း - ထက်ဝေဖြိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)