စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ ရေကူးကန်လမ်း အပိုင်း(၁)နှင့် စစ်ပင်ရပ်ကွက် ကုက္ကိုလ်တန်းလမ်း နိုင်လွန်ကတ္တရာလမ်းများ ဖွင့်ပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ ရေကူးကန်လမ်း အပိုင်း(၁)နှင့် စစ်ပင်ရပ်ကွက် ကုက္ကိုလ်တန်းလမ်း နိုင်လွန်ကတ္တရာလမ်းများ ဖွင့်ပွဲအခမ်းအနား တက်ရောက်





MNP - မတ်   ၂၆

(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ ရေကူးကန်လမ်း အပိုင်း(၁) နိုင်လွန်ကတ္တရာလမ်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ချမ်းမြဝတီ ရပ်ကွက်ရှိ အဆိုပါလမ်းဖွင့်ပွဲမုဒ်ဦးရှေ့တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအစိုးရအဖွဲ့သည် မုံရွာမြို့ ဖွံ့ဖြိုးတိုးတက်စေပြီး ခေတ်နှင့်အညီ လမ်းများအဆင့်မြှင့်တင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်မှစ၍ မြို့တွင်းလမ်းများအား နိုင်လွန်ကတ္တရာလမ်းများအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လမ်းများကို နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်ပေးနိုင်ခဲ့တဲ့အတွက် အများပြည်သူများ အဆင့်မြှင့်လမ်းကို စိတ်ချမ်းမြေ့စွာ သုံးစွဲနိုင်ပြီဖြစ်ပါကြောင်း၊ နိုင်လွန်ကတ္တရာခင်းခြင်းအားဖြင့် မုံရွာမြို့၊ လူထုတစ်ရပ်လုံး အကျိုးများစွာရှိသည့်အပြင် ရောင်းဝယ်ဖောက်ကားမှုများဖြင့် စည်ကားသည့်လမ်း ဖြစ်ခြင်းကြောင့် မြို့အနီးရှိ ကျေးရွာသူ၊ ကျေးရွာသားများပါ အသုံးပြုနိုင်သည့် လမ်းများလည်း ဖြစ်ပါကြောင်း ပြောကြားပြီး တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က နိုင်လွန်ကတ္တရာလမ်းနှင့် ပတ်သက်သည့် အချက်များအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွန်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်တို့က နိုင်လွန်ကတ္တရာလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အဆိုပါမုဒ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ နိုင်လွန်ကတ္တရာလမ်းအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် (၇၇) နှစ်မြောက်၊ တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် စစ်ပင်ရပ်ကွက်ရှိ ကုက္ကိုလ်တန်းလမ်း နိုင်လွန်ကတ္တရာလမ်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွန်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်တို့က နိုင်လွန်ကတ္တရာလမ်း အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အဆိုပါမုခ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ နိုင်လွန်ကတ္တရာလမ်းအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါ ချမ်းမြဝတီရပ်ကွက်ရှိ၊ ရေကူးကန်လမ်း အပိုင်း(၁) နိုင်လွန်ကတ္တရာလမ်းသည် တိုင်းဒေသကြီး အထွေထွေ ပိုလျှံရန်ပုံငွေကျပ်(၂၈၀.၈)သန်းဖြင့် အရှည်(၃၈၀၀)ပေ၊ အကျယ် (၂၀)ပေ၊ ၃ လက်မခွဲထု ခင်းခဲ့ခြင်းဖြစ်ပြီး စစ်ပင်ရပ်ကွက်ရှိ၊ ကုက္ကိုလ်တန်း နိုင်လွန်ကတ္တရာလမ်းသည် တိုင်းဒေသကြီး အထွေထွေပိုလျှံရန်ပုံငွေ ကျပ်(၁၀၈.၂၂) သန်းဖြင့် အရှည်(၂၀၀၀)ပေ၊ အကျယ်(၁၆)ပေ၊ ထု ၃ လက်မခွဲခင်းခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)