ချောင်းဆုံမြို့တွင် (၇၇)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုရစ်ကလေး-ခရိုက်ဒူး-ဆယ်ပလာလမ်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဆုံမြို့တွင် (၇၇)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုရစ်ကလေး-ခရိုက်ဒူး-ဆယ်ပလာလမ်းဖွင့်ပွဲကျင်းပ



MNP -  မတ်    ၂၇

(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချောင်းဆုံမြို့နယ် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည့် (မုရစ်ကလေး-ခရိုက်ဒူး-ဆယ်ပလာ) လမ်းကို ယမန်နေ့ နံနက် (၈)နာရီခွဲအချိန်က မုရစ်ကလေးကျေးရွာအထွက် လမ်းပေါ်တွင် ဖွင့်ပွဲအခမ်း အနားကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနများမှ လမ်းတံတား၊ သောက်သုံးရေရရှိရေး၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးကိုလည်း စိုက်ပျိုးရေးကဏ္ဍတွင် လယ်ယာအဆင့် မြှင့်တင်ခြင်းလုပ်ငန်းကိုလည်း အစွမ်းကုန်ကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ချောင်းဆုံ မြို့နယ်အနေဖြင့် ယခု ၂၀၂၁-၂၀၂၂ ခုနှစ် မီနီဘတ်ဂျက်တွင် ဌာန(၇)ခုမှ လုပ်ငန်းပေါင်း (၉၂)ခုကို အကောင်အထည်ဖော်ဆောင် ရွက်နိုင်ခဲ့ပါကြောင်း၊ အဆိုပါလုပ်ငန်းများကို ဌာနမှ လုပ်ငန်း (၆၁)ခုနှင့် တင်ဒါစနစ်ဖြင့် လုပ်ငန်း (၃၁)ခု ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုရန်ပုံငွေဖြင့် ကျပ်သန်းပေါင်း(၂၄၉) သန်း၊ ပြည်နယ်ရန်ပုံငွေဖြင့် ကျပ်သန်းပေါင်း (၁၉၃၁.၈)သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အဆိုပါလမ်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဒေါ်အိအိခိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး တာဝန်ရှိသူများက လမ်းအားကြည့်ရှုစစ်ဆေးခဲ့သည်။ (မုရစ်ကလေး-ခရိုက်ဒူး-ဆယ်ပလာ) လမ်းကို အရှည်(၅၉၃၈)ပေ၊ အကျယ်(၁၁)ပေ၊ ထု (၆)လက်မ ကတ္တရာ ထပ်ပိုးလွှာအား ပြည်နယ်ရန်ပုံငွေ (၁၀၁.၂၅၀)ကျပ်သန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)