မအူပင်မြို့တွင် မင်းလမ်း-ဆည်မြောင်းလမ်းနှင့် ၂ လမ်းကြား ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအူပင်မြို့တွင် မင်းလမ်း-ဆည်မြောင်းလမ်းနှင့် ၂ လမ်းကြား ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ

 


MNP -  မတ်   ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မင်းလမ်း-ဆည်မြောင်းလမ်းနှင့် ၂ လမ်းကြား ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ လမ်းမုဒ်ဦး ရှေ့တွင် ဆောင်ရွက်သည်။

လမ်းဖွင့်ပွဲအခမ်းအနားတွင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိဦးအေးသိန်းက လမ်းနှင့်ပတ်သက်သည့်အချက်အလက်များအား အဖွင့်စကားပြောကြားပြီး ပြည်သူများ ကိုယ်စား အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းနိုင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

၎င်းနောက် မင်းလမ်းကွန်ကရစ်လမ်းသစ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီထွေး၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးအေးလွင်၊ အဖွဲ့ဝင် ၁ ဒုတိယဗိုလ်မှူကြီးနိုင်လွင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

အဆိုပါမင်းလမ်းကွန်ကရစ်လမ်းသည် အရှည် ၁၄၁၀ ပေ၊ အကျယ် ၂၀ ပေနှင့် ဒု ၈ လက်မ ရှိပြီး လုပ်ငန်းတန်ဖိုးမှာ ၆၉၄.၄၀ သိန်း ကုန်ကျကာ တင်ဒါအောင်မြင်သည့် ပံသုရွှေပြည် ဆောက်လုပ်ရေး Co,Ltd မှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံက သိရသည်။

သတင်း - အောင်ခိုင်၊အောင်မြင့်မြတ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)