မိုးမိတ်မြို့နယ်တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးမိတ်မြို့နယ်တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းဖွင့်

 


MNP - မတ်     ၁

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သော သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းကို ယမန်နေ့နေ့လည် ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်က   သဘာဝဘေးအန္တရာယ်သည် အချိန်မ ရွေး ကျရောက်နိုင်သည့်အတွက် ပြည်သူလူထုများ ပိုင်ဆိုင်ပစ္စည်း၊ အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ပါတယ် သဘာဝဘေးအန္တရာယ်မကျရောက်ခင် ကြိုတင်ကာကွယ်ရေး၊ လျော့ချရေး၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းတွေ၊ ဘေးအန္တရာယ်ကျရောက်ပြီးတဲ့အချိန်မှာလည်း တုန့်ပြန်ခြင်း၊ ပြန် လည်ထူထောင်ခြင်းလုပ်ငန်း၊ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း တစ်ဦးတစ်ယောက်၊ တစ်ဌာနတည်းဆောင်ရွက်လို့မအောင်မြင်နိုင်ပါဘူး ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်ပြီးဆောင်ရွက်မှသာ အောင်မြင်နိုင်မှာဖြစ်သည့်အတွက် ယခုလိုသင်တန်းတွေကို နိုင်ငံတော်က ဘတ်ဂျက်ငွေတွေအကုန်ခံပြီး ဖွင့်လှစ်ပို့ချရခြင်းဖြစ်ပါတယ်ဟု ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသို့တက်ရောက်လာကြသော စေတနာ့ဝန်ထမ်း သင်တန်းသားများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သင်တန်းသုံးပစ္စည်းများပေးအပ်ခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်စန္ဒာရွှေနှင့် ဒုဦးစီးမှူး ဦးရဲဇော်ဦးတို့က သင်တန်းပို့ချပေးခဲ့ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)