NLD စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဟောင်းအား ထောင်ဒဏ် စုစုပေါင်း၂၁ နှစ် ချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဟောင်းအား ထောင်ဒဏ် စုစုပေါင်း၂၁ နှစ် ချမှတ်


MNP ၊ ဖေဖော်ဝါရီ ၂၈

NLD စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်အား စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်က ထောင်ဒဏ်စုစုပေါင်း (၂၁)နှစ်ကျခံရန် ယနေ့ ဖေဖော်ဝါရီ ၂၈ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။


၎င်းအား စွဲဆိုထားသည့် အမှု(၇)မှုအတွက် တစ်မှုကို ထောင်ဒဏ်(၃)

နှစ်စီ စုစုပေါင်း ထောင်ဒဏ် (၂၁)နှစ်ကျခံရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။


ယနေ့အမိန့်ချမှတ်ခဲ့သည့် အမှုများမှာ (၁) ရာဇဝတ်ကြီးမှုအမှတ်၊ ၁/၂၀၂၁၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အမှုမှ ယင်းဥပဒေ ပုဒ်မ ၅၅ အရ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်၊ (၂) ရာဇဝတ်ကြီးမှုအမှတ်၊ ၂/၂၀၂၁၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အမှုမှ ယင်းဥပဒေ ပုဒ်မ ၅၅ အရ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်၊

(၃)ရာဇဝတ်ကြီးမှုအမှတ်၊ ၃/၂၀၂၁၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အမှုမှ ယင်းဥပဒေ ပုဒ်မ ၅၅ အရ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်၊(၄)ရာဇဝတ်ကြီးမှုအမှတ်၊ ၄/၂၀၂၁၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အမှုမှ ယင်းဥပဒေ ပုဒ်မ ၅၅ အရ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်၊ (၅)ရာဇဝတ်ကြီးမှုအမှတ်၊ ၅/၂၀၂၁၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ အမှုမှ ယင်းဥပဒေ ပုဒ်မ ၅၅ အရ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်၊(၆) ရာဇဝတ်ကြီးမှုအမှတ်၊ ၆/၂၀၂၁၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အမှုမှ ယင်းဥပဒေ ပုဒ်မ ၅၅ အရ အလုပ်နှင့်ထောင်ဒဏ် ၃နှစ် စုစုပေါင်း ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခဲ့ပြီး စစ်ဆေးရန် အမှုကျန်ရှိသေးကြောင်း သိရသည်။


၎င်းအား ယခင်က ပုဒ်မ  ၅၀၅ (ခ)အမှုနှင့်လည်း ထောင်ဒဏ်(၂)နှစ်ချမှတ်ပြီးဖြစ်၍ စုစုပေါင်း ထောင်ဒဏ်(၂၃)နှစ်ကျခံရမည်ဖြစ်သည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)