အမာမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမာမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေ



MNP -  မတ်   ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက  ဌာနဆိုင်ရာရုံးများ၊ ဈေးဆိုင်များ၊ မြို့နယ်အတွင်း လူစည်ကားရာ နေရာများတွင် ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၂ခုနှစ်၊ မတ်လ (၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ခုနှစ်၊ ဇွန်လဆန်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးတွင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ တပ်မတော်၏ အစဉ်အလာကောင်း (၁၂)ရပ်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ၂၇-၃-၂၀၂၁ရက်နေ့ (၇၆)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ နွေအလှ(ကဗျာ)၊ ကာကွယ်စောင့်ရှောက်သွားမည်သာဆောင်းပါးနှင့် ဆောင်ပုဒ်များ စသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

သတင်း - နော်လေးလီယန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)