မိုးညှင်းတက္ကသိုလ်၌ ဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် ကျောင်းပတ်ဝန်းကျင် မူးယစ်ဆေးဝါး ကင်းစင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးညှင်းတက္ကသိုလ်၌ ဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် ကျောင်းပတ်ဝန်းကျင် မူးယစ်ဆေးဝါး ကင်းစင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ



MNP - မတ်    ၂၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် (ပထမပညာ သင်ကာလ) တွင် ဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် ကျောင်းပတ်ဝန်းကျင် မှုယစ်ဆေးဝါး ကင်းစင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီခွဲက ရတနာခန်းမ၌ ကျင်းပခဲ့ သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က အမှာစကားပြောကြားပြီး မိုးညှင်း တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက ဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် ကျောင်းပတ်ဝန်းကျင် မူးယစ်ဆေးဝါးကင်းစင်ရေး အသိပညာပေး ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် မိုးညှင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းထွန်းက အကြမ်းဖက်မှုနှင့် ရာဇဝတ်မှု ဖြစ်စဉ်များတွင် အကြောင်းရင်းမှန်ကို မသိရှိဘဲ အဆိုပါ ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်မှု မရှိစေရေး အတွက် ဥပဒေဆိုင်ရာများနှင့် အခြားအသိပညာများ ရရှိစေမည့် အကြောင်းအရာများကို လည်းကောင်း၊ ခရိုင်ဥပဒေအရာရှိ ဦးသန်းဌေးက ပြစ်မှုပြစ်ဒဏ်များနှင့် ဥပဒေဆိုင်ရာအသိပညာရပ် များကိုလည်းကောင်း ဟောပြောသည်။

ဆက်လက်၍ အမှတ်(၃) မူးယစ်တပ်ဖွဲ့စုမှ ခေတ္တတပ်ဖွဲ့စုမှူး ဒုရဲမှူး ပန်းအောင်က ကျောင်းပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါးများ ကင်းစင်ရေးအတွက် အသိပညာပေး ဟောပြောခြင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ဒုရဲမှူး ဝင်းယုထွေးက ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိ ပညာပေး ဟောပြောခြင်းနှင့် အမှတ်(၃)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့မှ ရဲအုပ်တင့်လွင်က လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခြင်း စသည်တို့ကို အသီးသီးဟောပြောခဲ့ကြသည်။

ထို့နောက် ဟောပြောပွဲအပြီးတွင် မိုးညှင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းနှင့် တာဝန်ရှိသူများက ဟောပြောပွဲသို့ လာရောက်ဟောပြောကြသူများအား အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း - ဇွဲသူရအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)