MNP - မတ် ၂၄
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့်မျိုးချစ်စိတ်ရှင်သန်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အ.ထ.က(၂) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံ တင်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဌေးက အသိပညာပေးဟောပြောပွဲ ပြုလုပ်ပေးရခြင်းနှင့်ပတ်သက်၍အဖွင့် အမှာစကား ပြောကြားသည်။ ယင်းနောက် မြို့နယ်ပညာရေးမှူး ဦးတင်ငွေက လူမှုကျင့်ဝတ် အကြောင်းကိုလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးထွန်းလင်းက အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ရှင်သန်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းအေးက လူငယ်နှင့်အားကစား၊ အား/ကာ သိပ္ပံကျောင်းအကြောင်းကိုလည်းကောင်း ဟောပြောပေးသည်။ ထို့နောက် မြို့နယ်လက်ရွေးစင်သိုင်းအဖွဲ့မှ သိုင်းသရုပ်ပြ ဖျော်ဖြေတင်ဆက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ ဖိတ်ကြားထားသည့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးနှင့်ဆရာ/ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/သူများတက်ရောက်ကြကြောင်း သိရသည်။
သတင်း - ခွန်ရဲ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment