ကျောက်တန်းမြို့နယ် မှော်ဝန်းချောင်းတံတားသစ်စီမံကိန်း ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းနှင့် ပြည်သူ့သဘောထားရယူခြင်း အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်တန်းမြို့နယ် မှော်ဝန်းချောင်းတံတားသစ်စီမံကိန်း ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းနှင့် ပြည်သူ့သဘောထားရယူခြင်း အခမ်းအနား ကျင်းပ



MNP - မတ်    ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် လမ်းဦးစီးဌာနမှ ကြီးမှူး ကျင်းပသော မှော်ဝန်းချောင်းတံတားသစ် စီမံကိန်းဆိုင်ရာရှင်းလင်းပွဲကို (ယမန်နေ့)မတ်လ ၂၈ ရက်  မွန်းတည့် ၁၂နာရီက လမ်းဦးစီးဌာနရုံးခန်းမတွင် ကျင်းပသည်။

ရှင်းလင်းပွဲတွင် ခရိုင်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဦးက ကျောက်တန်းမြို့နယ်အတွင်း မှော်ဝန်း ချောင်းကိုဖြတ်၍ သန်လျင် သီလဝါပါဒကြီး(အလယ်လမ်း)နှင့် ပန်းတောမီးပြ ဇွဲဘာကုန်းတန်း ကွနှီ ကမာကလုတ် လမ်းတိုသို့ ဆက်သွယ်ဖောက်လုပ် သွားမည့်  မှော်ဝန်းချောင်းတံတားသစ်စီမံကိန်း၏ ပတ်ဝန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ထိုနောက် E Guard Embiron mental Services Co;Ltd မှ အကြီးတန်းအကြံပေး ပုဂ္ဂိုလ် ဒေါ်ရွှေစင်ကိုကိုက စီမံကိန်း၏ ကနဦး ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာမှုများကို ရှင်းလင်းတင်ပြရာ အခမ်းအနားကို တက်ရောက်လာသူများက သိရှိလိုသည့် မေးမြန်း ချက်များအား သက်ဆိုင်ရာ တာဝန်ရှိ သူများက ပြန်လည်ဖြေကြားကြသည်။

ထို့နောက် ကျောက်တန်းမြို့နယ်မှော်ဝန်းချောင်းတံတားသစ်နှင့် ပတ်သက်သည့်  ပတ်ဝန်းကျင် ဆန်းစစ်ခြင်းဆိုင်ရာ ကိစ္စရပ်များ အပေါ် ပါဝင်ဆွေးနွေးခြင်းအတွက် ခရိုင်လမ်းဦးစီးဌာနမှ ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)