MNP ၊ မတ် ၂၉
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့နယ် နယ်ခြားစောင့် ကွပ်ကွဲမှုရုံး အဖွဲ့(ခွဲ)ရုံးရှေ့ ကျီးကန်းပြင် စစ်ဆေးရေးဂိတ် တွင် ယမန်နေ့ နံနက်(၁၁ ၁၀) အချိန်က စိတ်ကြွရူးသွပ်ဆေးပြားများ နှင့်အတူ လူသုံးဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မောင်တောမြို့နယ် နယ်ခြားစောင့် ကွပ်ကွဲမှုရုံး အဖွဲ့(ခွဲ)ရုံးရှေ့ ကျီးကန်းပြင် စစ်ဆေးရေးဂိတ်၌ ပူး ပေါင်း လုံခြုံရေး တပ်ဖွဲ့ဝင်များသည် လူ/ယာဉ် အဝင်/အထွက်များအား စစ်ဆေးဆောင်ရွက်နေစဉ် (၃)မိုင်ကျေးရွာဘက်မှ ကြိမ်ချောင်းကျေးရွာဘက်သို့ လှထွန်းစိန်(ကျား)မောင်းနှင်းပြီး အလယ်မှ ဦးသန်းနု(ကျား)အနောက်မှ ထွန်းအောင် သိန်း (ကျား) လိုက်ပါစီးနင်းလာသည့် CANDA 125 အမျိုးအစား အနက်ရောင်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ထွန်း အောင်သိန်း(ကျား)ဝဲဘက်ပေါင်၌ အဖြူရောင်တိတ်အကြည်ဖြင့်ပတ်၍ သိုဝှက်သယ်ဆောင်လာသော WY/R စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ် ဆေး ပြား (၁၉၅)ပြားစီပါ အပြာရောင်ကပ်ခွာအိတ်(၃)အိတ် စုစုပေါင်း အပြာ ရောင် ကပ်ခွာ အိတ်(၅)အိတ်အတွင်းမှ စုစုပေါင်းဆေးပြား(၉၇၅)ပြား ၊ အလေးချိန်(၉၇.၅)ဂရမ်ခန့် ၎င်းတို့ကိုင် ဆောင်သော ဖုန်း(၃)လုံး အား ရှာဖွေတွေ့ရှိသိမ်းဆည်းပြီး မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ မောင်တောမြို့နေသူများဖြစ်သော လှထွန်း စိန်(ကျား)၃၄ နှစ် ၊ငွေတောင် ကျေးရွာ ၊ဦးသန်းနု(ကျား)(၂၈)နှစ် ငွေတောင်ကျေးရွာ ၊ ထွန်းအောင်သိန်း(ကျား)၂၇ နှစ် အောင်သာယာ ကျေး ရွာ နေသူ တို့အား ဖမ်းဆီးရမိပြီး မူးယစ်ဆေးဝါးများ ရောင်းချပေးသူ ဦးစံသိန်း(ကျား)၅၃ နှစ် ဦသရီကုန်းဘောင်ကျေးရွာ နေသူတို့(၄)ဦးအား နယ်မြေစခန်း(ပြင်ဖြူ)တွင် မယ(ပ)၃/၂၀၂၂ ၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး ကွင်းဆက်တရားခံအား အမြန်ဆုံး ဖမ်းဆီးနိုင်ရေး သက်ဆိုင် ရာမှ စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
ဝေလ(မောင်တော)
https://t.me/MyanmarNationalPost

No comments:
Post a Comment