နွေဦးတော်လှန်ရေး၏ အကျိုးရလာဒ်များ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နွေဦးတော်လှန်ရေး၏ အကျိုးရလာဒ်များ


နိုင်ငံရေး မကျေနပ်မှုဖြစ်ပေါ်လာတဲ့အခါ ပုန်ကန်ကြတယ်။ တော်လှန်ကြတယ်။ ဒါဟာ သဘာဝပါလို့ ပြောနိုင်ပါတယ်။ သဘာဝကျတဲ့ တော်လှန်ရေးဖြစ်ဖို့ ဘာတွေလိုအပ်သလဲဆိုတာတော့ သိသင့်ကြပါတယ်။ မိမိတို့ယုံကြည်ထောက်ခံတဲ့ အဖွဲ့အစည်းက တကယ်ပဲ ဥပဒေနဲ့အညီ ရပ်တည်တဲ့ အဖွဲ့အစည်းဖြစ်ရမယ်။ ဒီမိုကရေစီရှင်သန်ထွန်းကားရေးကို ဥပဒေနဲ့အညီ ဆောင်ရွက်နေပါလျက် မတရားသဖြင့် အာဏာသိမ်းခဲ့သော် တော်လှန်ခြင်း၊ ပုန်ကန်ခြင်းက မှန်ကန်တယ်လို့ ဆိုနိုင်ပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဆူပူအကြမ်းဖက်၊ လုပ်ကြံသတ်ဖြတ်မှုတွေရဲ့ မြစ်ဖျားခံရာက NLD ပါတီက ကိုယ်ကျိုးရှာ နိုင်ငံရေးသမားတွေရဲ့ မတရားသဖြင့် အာဏာရလိုမှု၊ ဒီမိုကရေစီစံနှုန်းတွေကို ချိုးဖောက်မှုကြောင့် တပ်မတော်က အာဏာထိန်းခဲ့ရတဲ့ဖြစ်စဉ်မှာ မမှန်မကန်တဲ့ ပြည်သူအများကို မီဒီယာအင်အားနဲ့ နိုင်ငံရေးမှိုင်းတိုက်ပြီး တော်လှန်ရေးကြီး ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။

NLD ပါတီက ပုဂ္ဂိုလ်များနဲ့ ၎င်းတို့ရဲ့ မိတ်ဖက် ကိုယ်ကျိုးရှာနိုင်ငံရေးသမားများ ပူးပေါင်းပြီး ဖန်တီးလိုက်တဲ့ နွေဦးတော်လှန်ရေးရဲ့ အကျိုးရလာဒ်တွေက ဘာတွေလဲ အဖြေထွက်နေပါပြီ။ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေမှန်ကို မသုံးသပ်ဘဲ မုသာဝါဒလိမ်ညာဖန်တီး လုပ်ကြံဝါဒဖြန့် မှိုင်းတိုက်သမျှကို ယုံကြည်တဲ့သူတွေက သူတို့ရဲ့ တော်လှန်ရေးမှာ အသုံးချခံများ အဖြစ်နဲ့ ပါဝင်သွားကြတယ်။ ကိုယ်ကျိုးရှာနိုင်ငံရေးသမားတွေရဲ့ လိမ်ညာဝါဒဖြန့်မှုနောက်ကို လိုက်ပါခြင်းမရှိဘဲ နေကြတဲ့ ပြည်သူတွေခမျာမှာ အသုံးချခံ အကြမ်းဖက်သမားလေးတွေရဲ့ ပစ်မှတ်များအဖြစ်နဲ့ အသက်တွေ စတေးလိုက်ရတယ်။ အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်။

တော်လှန်ရေးတစ်ရပ် အောင်မြင်ခြင်း၊ ကျရှုံးခြင်းကို ဘယ်လိုပေတံနဲ့ တိုင်းမှာလဲ။ ဘယ်လို ရလာဒ်ထွက်ရင် အောင်မြင်တာလဲ။ ဘယ်လို ရလာဒ်မျိုးရနေရင် ကျရှုံးသလဲ။ ဒါကိုတော့ ပြည်သူအများက အဖြေရှာကြဖို့ လိုပြီ။ နိုင်ငံရေးဆိုတာ လူ့လောက ကောင်းကျိုးအတွက် ဆောင်ရွက်ရတဲ့အလုပ်။ လူ့လောက လူဘောင်အဖွဲ့အစည်းကို ဆိုးကျိုးတွေ ဖြစ်စေတယ်ဆိုရင်တော့ သေချာပါတယ်။ ရလာဒ်ကောင်း မထွက်ဘူး။ အောင်မြင်ခြင်းကို မရောက်ဘူး။ ကျရှုံးခြင်းလို့ပဲ မှတ်ယူရပါလိမ့်မယ်။

NLD ပါတီက ပုဂ္ဂိုလ်များနှင့် ၎င်းတို့ရဲ့ အပေါင်းအပါ ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ ပူးပေါင်းဖန်တီးလိုက်တဲ့ နွေးဦးတော်လှန်ရေးမှာ ရရှိလာတဲ့ ရလာဒ်တွေက -

တိုင်းရင်းသားပြည်သူ မည်သူ့ကိုမဆို မိမိတတ်ကျွမ်းထားတဲ့ ဆေးပညာနဲ့ အကျိုးပြုရမယ့် ဆရာဝန်၊ သူနာပြုတွေက ပြည်သူတွေကို မိမိတို့တတ်ထားတဲ့ ပညာနဲ့ ဆေးမကုပေးချင်တော့ဘူး။ CDM လို့ ခေါင်းစဉ်တပ်ပြီး ရောက်လာတဲ့ လူနာကိုတောင် ဆေးကုမပေးဘဲ ပစ်ထားနိုင်တဲ့ နှလုံးသား မဲ့တဲ့ နိုင်ငံရေးအစွန်းရောက်တွေ ဖြစ်ကုန်ကြတယ်။

တပည့်သားမြေး မည်သူ့ကိုမဆို စေတနာ၊ ဝါသနာ၊ အနစ်နာ ဆိုတဲ့ နာသုံးနာနဲ့ ပညာသင်ပေးရမယ့် ဆရာ၊ ဆရာမတွေက စစ်သား၊ ရဲသားတွေရဲ့ ကလေး ပညာသင်မပေးဘူးလို့ အသံထွက်ခဲ့ကြတယ်။ ကျောင်းအပ်တဲ့မိဘ ဒလန်လို့ သတ်မှတ်ပြီး ကျောင်းတတ်တဲ့ ကလေးကိုတောင် ခြေပြတ်လက်ပြတ်ဖြစ်ကုန်မယ်လို့ ခြိမ်းခြောက်လာကြတယ်။ အဆိုးဆုံး အယုတ်ကန်းဆုံး အနေနဲ့ ကလေးငယ်တွေကို ပညာသင်ပေးနေတဲ့ ဆရာ၊ ဆရာမတွေကို လုပ်ကြံသတ်ဖြတ်သည်အထိ ရက်စက်လာကြတယ်။

နောက်တော့ EPC ရုံးတွေကို မိုင်းခွဲ၊ ဗုံးခွဲပြီး တိုက်ခိုက်ခြင်းကို တော်လှန်ရေးလို့ ခေါင်းစဉ်တပ်လိုက်ကြပြန်တယ်။ ထပ်မံပြီး ဖုန်းတာဝါတိုင်တွေကို ဖျက်ဆီးခြင်းဟာလည်း တော်လှန်ရေးခေါင်းစဉ်အောက် ရောက်သွားတယ်။ ဆက်လက်ပြီး လျှပ်စစ်တာဝါတိုင်တွေကို ဖျက်ဆီးခြင်းဟာလည်း တော်လှန်ရေးပဲတဲ့ဗျာ။ နွေဦးတော်လှန်ရေးခေါင်းစဉ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆိုတဲ့ NLD အစွန်းရောက်တွေ ဖန်တီးလိုက်တဲ့ ခေါင်းစဉ်တွေက အလွန်လှပပါတယ်။ အားပါတယ်လို့ ပြောရမယ်။ ဒီလိုမျိုး ခေါင်းစဉ်လှလှတပ်ထားတဲ့ တော်လှန်ရေးက ပြည်သူတွေကို ကောင်းကျိုးရလာဒ်ဖြစ်စေမယ့် လုပ်ရပ်တစ်ခုမှ မတွေ့ရဘဲ အထက်မှာ တင်ပြခဲ့တဲ့ ဆိုးကျိုးရလာဒ်တွေကိုသာ ဖန်တီးပေးခဲ့တဲ့ တော်လှန်ရေးဆိုရင်တော့ ငြင်းလို့ တော်မယ်မထင်ပါဘူး။

ဖုန်းတာဝါတိုင် တစ်တိုင် ပျက်စီးသွားတာနဲ့ပဲ အစိုးရရဲ့ ထိုင်ခုံလှုပ်လာသလား။ အစိုးရက ဖျက်ဆီးတာလား။ တော်လှန်ရေးခေါင်းစဉ်တပ်ပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတဲ့ NLD က ဖျက်ဆီးတာလား ဆိုတာနဲ့တင် အဖြေက ရှင်းနေပါပြီ။

နွေဦးတော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ သံဃာတော်တွေကို လုပ်ကြံသတ်ဖြတ်တယ်။ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်တယ်။ ရှိတဲ့ ပစ္စည်းတွေကို ယူတယ်။ သူခိုး ဓားပြတွေထက် ပိုပြီး ရမ်းကားပြလာကြတယ်။ ဒီလို လုပ်ရပ်တွေဟာ တော်လှန်ရေးသမားအမည်ခံ အကြမ်းဖက်သမားတွေအတွက် အမှတ်ရစေမယ့် (ဂုဏ်သိက္ခာတက်စေမယ့်) လုပ်ရပ်တွေလား။ အော့နှလုံးနာစရာ လုပ်ရပ်တွေလား။ ပြန်လည်သုံးသပ်ကြည့်ကြဖို့လည်း လိုပါတယ်။ ဒီလိုတွေ လုပ်နေတာပြီး နစက အထိနာနေပြီလို့ ပြောထွက်တဲ့ ကိုယ်ကျိုးရှာနိုင်ငံရေးသမားတွေရဲ့ အဆင့်အတန်းကို စဉ်းစားသုံးသပ်ကြဖို့ လိုပါတယ်။ နစက အထိနာနေတာလား၊ ပြည်သူအထိ နာနေတာလား ဆိုတာလောက်တော့ ကွဲကွဲပြားပြား သိတန်ကောင်းပါရဲ့။

ပြန်လည်ဆင်ခြင်သုံးသပ်ခြင်း မရှိဘဲနဲ့ လုပ်ချင်ရာလုပ်မယ်၊ လူသတ်ပြီး ငွေရှာမယ်လို့ စဉ်းစားထားတဲ့ သူယုတ်မာတွေအတွက်ကတော့ ဘယ်သူသေသေ ထည့်သွင်းစဉ်းစားမှာ မဟုတ်သလို၊ ကိုယ်ချင်းစာတရားလည်း ထားကြမှာ မဟုတ်ပါဘူး။ မြန်မာ့နိုင်ငံရေးမှာ ဖြစ်နေတဲ့သဘောက လူတွေကို အရိုင်းစိတ်သွင်းပြီးမှ ထင်ရာစိုင်းခိုင်းတဲ့ သဘောမျိုး သက်ရောက်နေတာကိုလည်း သတိပြုမိကြမယ်ထင်ပါတယ်။

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ကြည့်တဲ့အခါ နွေဦးတော်လှန်ရေးကို မထောက်ခံလို့၊ အားမပေးလို့၊ တပ်မတော်ကို ထောက်ခံလို့၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဘက်က ရပ်တည်နေလို့ နွေးဦးတော်လှန်ရေးလှုပ်ရှားနေတဲ့ အကြမ်းဖက်သမားများရဲ့ သတ်ဖြတ်ခြင်းကို ခံရတယ်။ နွေဦးတော်လှန်ရေးမှာ အကြမ်းဖက်သမားများအဖြစ် ပါဝင်ဆောင်ရွက်နေကြသူတွေ အတွက်ရော ဘာတွေ ကောင်းကျိုးရပါသလဲ။

NLD ကို ထောက်ခံတယ်။ တပ်မတော်အာဏာသိမ်းတာကို မကျေနပ်ဘူးဆိုတဲ့ ယုတ္တိမတန်တဲ့ အကြောင်းပြချက်တွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဖို့ အကြမ်းဖက်သင်တန်းတက်ကြတယ်။ ကိုယ့်မြို့ ကိုယ့်ရွာကို ပြန်လာပြီး ကိုယ့်ရွာသူ ရွာသား အချင်းချင်း သတ်ကြတယ်။ သူများကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားရင်းနဲ့ ကိုယ့်လက်ထဲမှာတင် ဗုံးကွဲပြီး သေခဲ့ရသူ ဆယ်ဦးထက်မနည်း ရှိခဲ့တယ်။ ချိန်ကိုက်မိုင်းထောင်ရင်း မိုင်းကွဲသေကြရတယ်။ သူတပါးမိသားစုတွေကို အိုးမဲ့ အိမ်မဲ့ဖြစ်အောင် နေအိမ်တွေ မီးရှို့ဖျက်ဆီး လူကို ရန်ရှာစော်ကား လုပ်ခဲ့သလို မိမိတို့ကိုယ်တိုင်လည်း သူတပါးကို ဒုက္ခပေးခြင်းရဲ့ အကျိုးရလာဒ်အဖြစ် ဝရမ်းပြေးဖြစ်နေကြရတယ်။ ဒါတွေဟာ ကောင်းကျိုးရလာဒ်တွေလား။

ကျွန်တော် မကြာခဏ သတိပေးဖြစ်ပါတယ်။ ထပ်ပြီးတော့လည်း သတိပေးနေအုံးမှာပဲ ဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေရဲ့ လက်သုံးစကား "ကိုယ့်ကြမ္မကိုယ်ဖန်တီးခွင့်" ဆိုတဲ့ စကားလုံးဟာ အပြုသဘောမဆောင်ဘူး။ အကောင်းဘက်ကို ဦးတည်ခြင်း မရှိဘူးဆိုတာကို ပြောတဲ့သူတွေက သတိမပြုမိကြဘူး။ စာရေးသူအနေနဲ့ကတော့ တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရရဲ့ ဘဝနေနည်းထဲက တွေ့လို့ မှတ်သားထားပါတယ်။ ကြမ္မာဆိုတာ စကားလုံးဟာ အကောင်းအတွက် ရည်ရွယ်ပြီး သုံးတဲ့ ဝေါဟာရမဟုတ်ဘူး။ ကြမ္မာကောင်းဆိုတာ မရှိဘူး။ ကြမ္မဆိုးကြုံရတယ်ဆိုတာပဲ ရှိတယ်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးမယ်ဆိုရင် ကိုယ်တိုင် ဒုက္ခတွေ ဖန်တီးမယ်လို့ ပြောခြင်း သဘောကို ရောက်ပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေကတော့ ဒီစကားလုံးကို တွင်တွင်သုံးပြီး နိုင်ငံရေးလုပ်လာလိုက်ကြတာ။ ဖြစ်စဉ်ဖြစ်ရပ် သာဓကတွေကို ပြန်ကြည့်ရင် ပြည်သူတွေအတွက် ကောင်းကျိုးတွေ ရသလား၊ ဆိုးကျိုးတွေများသလား။ ပြည်သူတွေ သတိပြုမိကြပါလိမ့်မယ်။ ကိုယ့်ကံကိုယ်ဖန်တီးခွင့်လို့ ပြောမှ အကောင်းဘက်ကို ဦးတည်ရာရောက်ပါတယ်။ ဒါကတော့ အပြုသဘော အကောင်းဘက်ကို ဦးတည်နိုင်ကြစေဖို့ ဖြည့်စွက်ပြောခြင်းဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးရဲ့ အကျိုးရလာဒ်တွေကတော့ EPC ရုံးတွေ ပျက်စီးခဲ့ရတယ်။ စာသင်ကျောင်းတွေ ပျက်စီးခဲ့ရတယ်။ သံဃာတော်တွေ အသတ်ခံခဲ့ရတယ်။ ဆရာ/ ဆရာမတွေကို လုပ်ကြံသတ်ဖြတ်တယ်။ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်ရုံမျှမက အိုးမဲ့အိမ်မဲ့ဖြစ်အောင် နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးပစ်ကြတယ်။ စာရင်းများအရ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများရဲ့ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ၂၃၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ 

အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ဖို့ ကြိုးစားရင်း သေဆုံးသွားတဲ့ PDF အကြမ်းဖက်သမား အရေအတွက်ကလည်း သူတို့ဘက်က ထုတ်ပြန်ချက်အရ ထောင်ဂဏန်းကျော်သွားပါပြီ။ နွေဦးတော်လှန်ရေးကို အကြောင်းပြုပြီး အကျိုးအမြတ်ရနေတာ ဘယ်သူတွေလည်း မြန်မာပြည်ကို တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေလိုတဲ့ အမေရိကန်အပါအဝင် အနောက်အုပ်စု (မုသားအင်ပါယာ) နဲ့ မုသားအင်ပါယာရဲ့ လက်ကိုင်တုတ် ကိုယ်ကျိုးရှာနိုင်ငံရေးသမားတွေနဲ့ အနောက်အုပ်စုရဲ့ လက်ကိုင်တုတ်မီဒီယာတွေပဲ ဖြစ်ပါတယ်။

ကိစ္စရပ်တစ်ခု ပေါ်ပေါက်လာရင် အရှုံးရှိသလို အမြတ်ထွက်သူလဲ ရှိပါတယ်။ မုသားအင်ပါယာကြီးက NLD ပါတီက ပုဂ္ဂိုလ်များနဲ့ ၎င်းတို့ရဲ့ အပေါင်းအပါ ကိုယ်ကျိုးရှာ နိုင်ငံရေးသမားတွေကို ငွေကြေးလက်နက် ထောက်ပံ့ပေးပြီး ဆူပူအကြမ်းဖက်မှုတွေဖြစ်အောင် လှုံ့ဆော်ခိုင်းတယ်။ နိုင်ငံရေးနွားလေးတွေက ကြိုးစွဲရာကပြီး ပြည်သူအချင်းချင်း သတ်ကြတယ်။ လှုံ့ဆော်သူတွေ ရွှေဘုံနန်းစံပြီး အသုံးချခံ နိုင်ငံရေးနွား အကြမ်းဖက်သမားလေးတွေ ခွေးပြေး ပြေးနေကြရတယ်။ ဘယ်သူတွေ ရှုံးလဲ။ ပြည်သူတွေ ရှုံးတယ်။ ဘယ်သူတွေ အမြတ်ထွက်သလဲ။ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေလိုတဲ့ မုသားအင်ပါယာ (အနောက်အုပ်စု) အတွက် အမြတ်ထွက်တယ်။ သူခိုးကို ဓားရိုးကမ်းတဲ့ အနောက်အုပ်စုရဲ့ လက်ကိုင်တုတ် ကိုယ်ကျိုးရှာနိုင်ငံရေးသမားတွေနဲ့ မီဒီယာအမည်ခံ အကြမ်းဖက်လှုံ့ဆော်သူတွေ အမြတ်ထွက်တာပါပဲ။

ကိုယ်ကျိုးရှာ နိုင်ငံရေးသမားတွေရဲ့ ပါးစပ်က မစားရဝခမန်း ပြောနေတဲ့ စကားတစ်လုံး ရှိတယ်။ နစက အထိနာနေပြီတဲ့။ နစက အထိနာတာ မဟုတ်ဘူး။ မင်းတို့ရဲ့ တော်လှန်ရေးကြီးက ပြည်သူအထိနာတာ။ နစက အထိနာရအောင် နစက အဖွဲ့ဝင်ထဲက ဘယ်သူကို ထိခိုက်အောင် လုပ်နိုင်လို့လဲ။ တာဝါတိုင်ဖျက်တာ နစက ကို ထိသလား။ EPC ရုံး ဗုံးခွဲတာ နစက ကို ထိခိုက်သလား။ လျှပ်စစ်တာဝါတိုင်တွေကို ဖျက်ဆီးတာ နစက ကို ထိခိုက်သလား။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဘာတစ်ခုမှ မထိခိုက်ဘူး။ မင်းတို့ လှုပ်ရှားသမျှ အကြမ်းဖက်မှုတိုင်းဟာ ပြည်သူကို ထိခိုက်စေတဲ့ အလုပ်တွေချည်းပဲ ဖြစ်တယ်။ နိုင်ငံတော်တည်ဆောက်ရေး ကို ဘယ်အစိုးရက အိတ်ထဲက စိုက်လုပ်ခဲ့ရတာ ရှိလို့လဲ။ NLD အစိုးရက နိုင်ငံတော်တည်ဆောက်ရေးအတွက် မိမိတို့ရဲ့ စည်းစိမ်ဥစ္စာတွေ ရင်းနှီးပြီး လုပ်ပေးခဲ့ဖူးလို့လား။ မလုပ်ပေးတဲ့အပြင် တိုင်းပြည်ဘဏ္ဍာထဲကတောင် ခိုးသေးတယ်မှတ်လား။ မင်းတို့ NLD အစွန်းရောက်တွေ ဖျက်ချင်တဲ့ ရုံးကို ဖျက်၊ သတ်ချင်တဲ့ လူကို သတ်။ အဖျက်သမားဟာ NLD၊ လူသတ်သမား ဟာ NLD အဖြစ်ပဲ မှတ်ကျောက်ကျန်ခဲ့လိမ့်မယ်။ နစက အစိုးရအနေနဲ့ကတော့ တိုင်းပြည်ကို ထိန်းသိမ်းထားတာ ဖြစ်တဲ့အတွက် ရတဲ့ဘဏ္ဍာနဲ့ ရသလောက် ပြန်လုပ်မယ်။ NLD အစွန်းရောက် ကိုယ်ကျိုးရှာ နိုင်ငံရေးသမားတွေလို မယုတ်ကန်းဘူးဆိုရင် ကိုယ်ကျိုးစီးပွားအတွက် မစဉ်းစားဘဲ ပြည်သူတွေအတွက် လိုအပ်ချက်ကို ပိုပြီး ဖြည့်ဆည်းပေးမယ်။ နစက အစိုးရအနေနဲ့ အလွန်အမင်း ယုတ်ကန်းစေအုံးတော့။ ကိုယ်ကျိုးရှာစေအုံးတော့။ NLD အစွန်းရောက် ကိုယ်ကျိုးရှာ နိုင်ငံရေးသမားတွေလို လူမျိုးလိမ် ဖန်တီးသုံးစွဲပြီး ငွေမရှာဘူး။ သူခိုးကို ဓားရိုးကမ်းတဲ့ အလုပ် မလုပ်ဘူး ဆိုရင်ပဲ NLD ထက် သာတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

ယုတ်စွအဆုံး ပြောလိုက်မယ်ကွာ။ အုပ်ချုပ်ရေးမှူး တစ်ယောက်အသတ်ခံရတယ်။ သူ့နေရာကို အစားထိုး ဝင်လာမယ့် သူ ရှိနေမှာပဲ။ ဆရာ/ ဆရာမတစ်ယောက် ဆုံးရှုံးသွားတယ်။ အစားထိုးနိုင်ဖို့ ကြိုးစားရတာပဲ။ နီပိန်းဆရာဝန်တွေက ဆေးကုမပေးတော့ တပ်က ဆရာဝန်တွေ ထွက်ပြီး ကုပေးရတာပေါ့။ အုပ်ချုပ်ရေးမှူး ၆၆၀၀ သတ်လို့လည်း မင်းတို့ အောင်ပွဲခံနိုင်မှာ မဟုတ်ဘူး။ ဆရာ/ ဆရာမ မျိုးတုန်းအောင် သတ်လို့လည်း နွေဦးတော်လှန်ရေးကြီးက အောင်မြင်မှာ မဟုတ်ဘူး။ အုပ်ချုပ်ရေးမှူးတွေကို ဘယ်သူသတ်နေသလဲ။ NLD အစွန်းရောက်တွေ ဖွဲ့စည်းထားတဲ့ အကြမ်းဖက်အဖွဲ့တွေက သတ်နေတယ်။ မင်းတို့ရဲ့ ဝါဒဖြန့်မီဒီယာတွေကနေ ဒလန်မို့လို့သတ်ပါတယ်။ စစ်တပ်ရဲ့ ဒေါက်တိုင်မို့လို့ သတ်ပါတယ်လို့ ဘယ်လိုပဲ ဝါဒဖြန့်နေပါစေ။ လူသတ် တရားခံကတော့ NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေဆိုတာကို လိမ်ညာဖုံးကွယ်လို့ မရပါဘူး။ 

NLD အစွန်းရောက် များနှင့် ၎င်းတို့၏ အပေါင်းအပါ ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ ဖန်တီးလိုက်တဲ့ နွေဦးတော်လှန်ရေးရဲ့ ရလာဒ်ကတော့ အပြစ်မဲ့ ပြည်သူပေါင်းများစွာ သေကျေပျက်စီး ဆုံးရှုံးခြင်း၊ ပြည်သူတွေရဲ့ နေ့စဉ်လူမှုစီးပွားဘဝတွေ ပျက်စီးခြင်း၊ အပြစ်မဲ့ ပြည်သူတွေ အိုးမဲ့အိမ်မဲ့ဖြစ်ခြင်း၊ ဆရာဝန်တွေ အကြမ်းဖက်သမားဖြစ်သွားခြင်း၊ ကျောင်းဆရာ/ ဆရာမတွေ စေတနာမွဲသွားခြင်း၊ ဆရာ/ ဆရာမတွေ အသတ်ခံရခြင်း၊ နိုင်ငံရေးအစွန်းရောက်အတွေးနဲ့ ဝန်ထမ်းတွေ အလုပ်လက်မဲ့ဖြစ်သွားခြင်း၊ လူငယ်များ အကြမ်းဖက်သမားဖြစ်သွားခြင်း အစရှိသော ကောင်းကွက်ရှာမရတဲ့ ဆိုးကျိုးရလာဒ်များသာ ရရှိခဲ့ပါတယ်။ ကိုယ်ကျိုးရှာ နိုင်ငံရေးသမားတွေရဲ့ ဝါဒဖြန့်လှုံ့ဆော်မှုနောက် လိုက်ပါပြီး အရိုးတွန်နေကြအုံးမယ်၊ မိုက်လုံးထွားနေကြအုံးမယ်ဆိုရင်လည်း ဆက်ပြီးတော့ ဆိုးကျိုးရလာဒ်များ ရရှိမှာဖြစ်ကြောင်း . . . . .


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)