တနိုင်းမြို့နယ်၊ ကျောင်းကုန်းကျေးရွာ၊ "ဇမ္ဗူအေးအောင်စင်္ကြာမုနိ" စေတီတော်မြတ်အား ရွှေထီးတော် တင်လှူပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနိုင်းမြို့နယ်၊ ကျောင်းကုန်းကျေးရွာ၊ "ဇမ္ဗူအေးအောင်စင်္ကြာမုနိ" စေတီတော်မြတ်အား ရွှေထီးတော် တင်လှူပွဲကျင်းပ




MNP - မတ်   ၂၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၊ မကောအုပ်စု၊ ကျောင်းကုန်းကျေးရွာ၊ သီရိမင်္ဂလာ ရွေကျားကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်အပ်သော၊ "ဇမ္ဗူအေးအောင် စင်္ကြာမုနိ" စေတီတော် မြတ်ကြီးအား ရွှေထီးတော်တင် မင်္ဂလာလှူပွဲကို ယနေ့နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ခဲ့သည်။

ရှေးဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားရှိခိုးကန်တော့ကြ၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ဆရာတော် ဦးပညိဿရထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြကာ ဆရာတော်အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ချီးမြှင့်ပြီး ရွှေထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်ဘုံ အဆင့်ဆင့်တို့ကို ဆရာတော်များထံ ဆက်ကပ်ခြင်း အလှူရှင် ဘုရားဒါယိကာ၊ဒါယိကာမများမှ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ဆရာတော် ဦးပညိဿရထံမှ အနုမော ဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။

ထို့နောက် မင်္ဂလာအချိန်ဖြစ်သော နံနက် ၁၁ နာရီအချိန်တွင် "ဇမ္ဗူအေး အောင်စင်္ကြာမုနိ" စေတီတော်မြတ်အား လက်င်္ကျာရစ်(၃)ကြိမ် လှည့်လည်ပူဇော်၍ ရွှေထီးတော်အားနား နေဆောင်သို့ ပင့်ဆောင်ကြသည်။

ထိုသို့ သီရိမင်္ဂလာရွှေကျား ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်အပ်သော၊ "ဇမ္ဗူအေးအောင် စင်္ကြာမုနိ" စေတီတော်မြတ်ကြီးအား တင်လှူရာတွင် တနိုင်းမြို့၊ သီရိမင်္ဂလာ ရွေကျားကျောင်းတိုက် ဆရာတော်  ဘဒ္ဒန္တပညာဝံသ ဦးဆောင်ကြီးမှူး၍ မတည်ဘုရားဒါယိကာ ဦးထွန်းထွန်းအောင်၊ ဘုရားဒါယိကာမ ဒေါ်နန်းအေးမြင့် မိသားစု၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့သူ၊မြို့သားများ၊ ခုနှစ်ရက်သားသမီးတို့စုပေါင်း လှူဒါန်းမှုဖြင့် တည်ထားကိုးကွယ်အပ်သော  "ဇမ္ဗူအေး အောင်စင်္ကြာမုနိ" ဆုတောင်းပြည့် စေတီတော်မြတ်ကြီးအား ထီးတော်တင်ပွဲတွင် ဆရာတော်၊ သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး၊ အတွင်းရေးမှူး ရဲမှူးသက်နိုင်ဦး၊ အဖွဲ့ဝင်ဗိုလ်မှူး တေဇာအောင်၊ ဦဇော်လွမ်းတူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်မိရပ်ဖများ မြို့သူ၊မြို့သားများ စုပေါင်း ထီးတော်တင်ခဲ့ကြကြောင်း သိရသည်။

သတင်း - ဝါဝါ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)