၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများ မြို့နယ်အတွင်းရှိ စာစစ် ဌာန အသီးသီးတွင် လာရောက်ထုတ်ယူ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများ မြို့နယ်အတွင်းရှိ စာစစ် ဌာန အသီးသီးတွင် လာရောက်ထုတ်ယူ

 


MNP - မတ်  ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ မတ်လ (၃၁) ရက်နေ့မှ ဧပြီလ (၉) ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို မြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင်    ယနေ့နံနက်  (၉) နာရီအချိန်မှစ၍   လာရောက် ထုတ်ယူလျက်ရှိ ကြောင်း သိရသည်။

ကဝမြို့နယ်  တက္ကသိုလ်ဝင်စာစစ်ဌာနများအဖြစ်     အခြေခံပညာ အထက်တန်းကျောင်း (ကဝ)၊    အခြေခံ ပညာ အထက်တန်းကျောင်း (သက္ကလ)၊ အခြေခံပညာ အထက်တန်းကျောင်း (အုန်းနှဲ) အပါအဝင် စာစစ်ဌာန (၃) ခု ဖွင့်လှစ်ထားရှိသွားမည်ဖြစ်သည်။

ကဝမြို့နယ်အနေဖြင့်   ကျောင်းတွင်းဖြေဆိုသူ (၁၁၆၃) ဦးတွင် အတွဲ (၁) ဖြေဆိုသူ (၉၀) ဦး၊ အတွဲ (၂) ဖြေဆိုသူ (၁၂) ဦး၊ အတွဲ (၇) ဖြေဆိုသူ (၂၅၀) ဦး၊ ပြင်ပဖြေဆိုသူ (၃၃၂) ဦးတွင် အတွဲ (၁) ဖြေဆိုသူ (၂၇၃) ဦး၊ အတွဲ (၂) ဖြေဆိုသူ (၁၅) ဦး၊ အတွဲ (၇) ဖြေဆိုသူ (၄၄) ဦး ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

မြန်မာနေရှင်နယ်ပိုစ့်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)