ယူကရိန်းကို ရုရှားဝင်တဲ့ ( ၁၃ ) ရက်မြောက်နေ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်းကို ရုရှားဝင်တဲ့ ( ၁၃ ) ရက်မြောက်နေ့




MNP ၊ မတ် ၈

မနေ့က လုက်ခဲ့တဲ့ ဘီလာရုစ် နယ်စပ်က ယူကရိန်း - ရုရှား ဆွေးနွေးညှိနှိုင်းမှု က အရေးကြီးတဲ့ ကိစ္စတွေကို ဘာတစ်ခုမှ ညှိလို့မရခဲ့ဘူး လို့ ၂ဖက်စလုံး က ဒီနေ့ မနက်မှာ ထုတ်ပြန်လိုက်တယ်။


အရပ်သားတွေ ကို စစ်တလင်း က ထွက်ခွာစေတဲ့ကိစ္စ ကလည်း လွယ်မယောင်နဲ့ ရှုတ်လာပါတယ် ။ ရုရုားက ကီဗ် ၊ ခါကီဗ် ၊ မာရီယူပေါ နဲ့ ဆမ်မီ မြို့တွေက စစ်ဘေးရှောင်တွေကို နီးစပ်ရာ ဘီလာရုစ် နဲ့ ရုရှား ဖက်ကို တိမ်းရှောင်ခိုင်းနေပါတယ် ။


အဲ့ဒိကိစ္စကို ယူကရိန်း အစိုးရဖက်က လက်မခံနိုင်ဘူးဖြစ်နေတယ်။  ပြင်သစ် သမ္မတ မာခွန်ကတော့ ပူတင်က အကြံပက်စက်တယ်၊ နိုင်ငံရေးအရ အားသာချက်တွေ အရမ်းယူလွန်းတယ်လို့ ပြစ်တင်ရှုံ့ချလိုက်ပါတယ်။


ရုရှားစစ်တပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ယူကရိန်း လူ့အဖွဲ့အစည်း ၉၀၀ ကျော်က မီး ၊ အပူ နဲ့ရေ ပါ ပြတ်လပ်နေပြီလို့ ယူကရိန်းသမ္မတ အကြံပေးက ဆိုပါတယ်။


ရုရှားရဲ့ ရေနံတင်ပို့မှုကို အမေရိကားမှာ ပိတ်ပင်တားမြစ်လိုက်ပြီ ဖြစ်လို့ အမေရိကကားမှာ ၁၃နှစ်အတွင်း အမြင့်ဆုံး ဈေးကိုရောက်သွားပါတယ်။


ပိုလန် အစိုးရကတော့ သူတို့နိုင်ငံထဲကိုရောက်နေတဲ့ ယူကရိန်း စစ်ဘေးရှောင်တွေ ၁သန်းကျော်သွားပြီးလို့ ဆိုပါတယ်။ UNHCR ကတော့ ယူကရိန်း စစ်ဘေးရှောင် စုစုပေါင်း ၂သန်းနီးပါးလောက် ကိုကပ်လာပြီလို့ ဆိုပါတယ်။


ယူကရိန်းသမ္မတ ဇီလန်စကီ ကတော့ ရုရှားတွေက သက်သက်မဲ့ သတ်ဖြတ်ခြင်းတွေကို လုပ်နေတာ ၊ သေဆုံးသွားသူများနဲ့ ဒုက္ခရောက်နေရတဲ့ သူတွေအတွက် ဘယ်လိုနည်းနဲ့ မှ ရုရှားကို ခွင့်မလွှတ်နိုင်ဘူးလို့ ပြောကြားလိုက်ပါတယ်။


ဘရက်ဆဲမှာ ယူကရိန်း ဥရောပသမဂ္ဂ ( အီးယူ ) ထဲကို ဝင်ခွင့်ပြုရေး အတွက်ဥရောပ ပါလီမန် မှာ မဲခွဲ တာ ထောက်ခံမဲ ၆၆% ( ၅၄၈ မဲ ) ကန့်ကွက်မဲ ၃၄% ( ၂၈၃ မဲ) ရရှိခဲ့ပါတယ်။


ယူကရိန်းက ခါကိဗ်မြို့မှာရှိတဲ့ ဆေးရုံ နဲ့ စက်ရုံ သုံး ရေဒီယို ဓာတ်သတ္တိ သုသေတနဌာန ဗုံးကျဲခံလိုက်ရလို့ ပျက်စီးသွားတယ်လို့ နိုင်ငံတကာ အဏုမြူ အေဂျင်စီ IAEA ကို သတင်းပို့ ထားပါတယ်။ အဲ့ဒိအတွက် IAEA စိတ်ပူပန်မှု ရှိနေပါတယ်။ လက်ရှိအထိ ရေဒီယို ဓာတ်ရောင်ခြည် အဆိပ်သင့်မှုတွေ မရှိသေးဘူးလို့လည်း ပြောပါတယ်။


ရုရှားနိုင်ငံကို နိုင်ငံတကာက စွတ်စွဲပြောဆိုမှုတွေ လုပ်နေတာကို ချေပတဲ့ အနေနဲ့ ရုရှား သမ္မတ ပူတင်က ယူကရိန်းကို တိုက်ဖို့ အရန်တပ်တွေ၊ နိုင်ငံခြားစစ်မှုထမ်းတွေ နဲ့ ကလေးစစ်သည်တွေ ကို ပို့ခြင်း လုံး၀ မရှိဘူးလို့ ပြောလိုက်ပါတယ်။ သူတို့စစ်သားတွေအားလုံး ပရော်ဖက်ရှင်နယ် စစ်သားတွေပါလို့ ပြောပါတယ်။


ကုလသမဂ္ဂကတော့ စစ်တလင်းမှာ ပိတ်မိနေတဲ့ အရပ်သားတွေကို အကူအညီပေးနိုင်ဖို့အတွက် လမ်းကြောင်းတွေကို ၂ဖက်စစ်တပ်တွေ လုံခြုံရေးပေးဖို့ကို အစည်းအဝေး လုပ်နေပါတယ်။


အီတလီကတော့ သူတို့ဆီကို ရောက်လာတဲ့ ယူကရိန်း စစ်ဘေးရှောင် ၂သောင်း နီးပါကို ထားဖို့အတွက် အစိုးရဖမ်းဆီးထားတဲ့ မာဖီးယားတွေ ပိုင်တဲ့ အိမ်တွေမှာ ယာယီထားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ လုပ်လည်း လုပ်နေပါတယ်။ ဒါ့အပြင် ရုရှားနိုင်ငံမှာ ဆန္ဒပြလို့ အစိုးရလိုက်ဖမ်းလို့ ထွက်ပြေးလာတဲ့ ရုရှားတွေကိုလည်း လက်ခံထားမယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ဆိုပါတယ်။


ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ( FIFA ) က ရုရှားနိုင်ငံက ကလပ်တွေမှာ ကစားနေတဲ့ နိုင်ငံခြား ဘောလုံးသမားတွေ အကုန်လုံး လက်ကျန် ရာသီအတွက် ဆက်မကစား နဲ့ အပြီးထွက်လာဖို့ အမိန့်ထုတ်ထားသလို ကျန်တဲ့ နိုင်ငံတွေက ရုရှား က ထွက်လာတဲ့ ကစားသမားတွေနဲ့ ယူကရိန်း ဘောလုံးသမားတွေကို တစ်သင်းကို ၂ယောက်နှုန်း လာမယ့် အရွှေ့ အပြောင်းဈေးကွက်မှာ လက်မှတ်ထိုး စာချုပ်ချုပ်ပေးကြ ဖို့ ညွှန်ကြားထားပါတယ်။


REF: euronews

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)