ကော့သောင်းမြို့နယ်၊ ချန်းဖမ်း-ဟတ်စဒင်း ကျေးရွာချင်းဆက်လမ်း ၉/၀ မိုင်အနက် ၁/၀ မိုင် ကျောက်လမ်းခင်းခြင်း လုပ်ငန်းရာနှုန်းပြည့် ပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့သောင်းမြို့နယ်၊ ချန်းဖမ်း-ဟတ်စဒင်း ကျေးရွာချင်းဆက်လမ်း ၉/၀ မိုင်အနက် ၁/၀ မိုင် ကျောက်လမ်းခင်းခြင်း လုပ်ငန်းရာနှုန်းပြည့် ပြီးစီး

         

          

             

           

MNP - မတ်    ၈

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခြောက်လ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စု ရန်ပုံငွေကျပ် ၁၃၆ ဒသမ ၀၀၈ သန်း ဖြင့်May Tech Tonic ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်သော ကော့သောင်းမြို့နယ်၊ ချန်းဖမ်း-ဟတ်စဒင်း ကျေးရွာချင်းဆက်လမ်း ၉/၀ မိုင်အနက် ၁/၀ မိုင် ကျောက်လမ်းခင်းခြင်း လုပ်ငန်းရာနှုန်းပြည့် ပြီးစီးပြီ ဖြစ် ကြောင်း သိရသည်။

အဆိုပါ ကျေးရွာချင်းဆက်လမ်းအား ၂၀၀၃-၂၀၀၄ ဘဏ္ဍာရေးနှစ်တွင် မြေလမ်း ၉/၀ မိုင်၊ ၂၀၁၈ (Mini) ဘဏ္ဍာရေးနှစ်တွင် ကျောက်လမ်း ၁/၄ မိုင် စုစုပေါင်း ကျောက်လမ်း ၂/၄ မိုင်‌ ဆောင်ရွက်ခဲ့ပြီး ကျန်ရှိသည့် ၆/၄ မိုင်လမ်းပိုင်းအား ဘဏ္ဍာရေးနှစ်အလိုက် အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရပြီး ကျေးရွာချင်းဆက်လမ်းရှိ ကျေးရွာ ၁၀ ရွာ၊ အိမ်ခြေ ၁၀၆၁ အိမ် လူဦးရေ ၈၅၃၄ ဦးတို့ အတွက် များစွာ အကျိုးပြုသည့် လမ်းပိုင်းဖြစ်သည့်အပြင် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာကာ လူနေမှု အဆင့်အတန်းများ ပိုမိုမြင့်မားလာ၍ အလုပ်အကိုင် အခွင့်အလမ်း များ မိုပိုတိုးတက်ကောင်းမွန် လာမည်ဖြစ်ကြောင်း သိရသည်။ 

သတင်း - ရွှေပင်လယ်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)