တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်တနင်္သာရီမြို့ရှေးဟောင်းသမိုင်းဝင်နန်းဦးစေတီတော်အားဖူးမြော်ပူဇော်၍ အောက်ဆီဂျင်စက်ရုံဆောက်လုပ်မည့်နေရာအားကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်တနင်္သာရီမြို့ရှေးဟောင်းသမိုင်းဝင်နန်းဦးစေတီတော်အားဖူးမြော်ပူဇော်၍ အောက်ဆီဂျင်စက်ရုံဆောက်လုပ်မည့်နေရာအားကြည့်ရှု




MNP ၊ မတ်လ  ၈ 

 တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာ နချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်တို့သည် ယနေ့ နံနက် ၈နာရီ ၄၅အချိန်က တနင်္သာရီ မြို့-ချောင်းငယ်ရပ်ကွက်-ချောင်းင ယ်ကျောင်းတိုက်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင်နန်းဦး စေတီအားဆီမီး၊ ရေချမ်းများ၊ အမွှေးနံ့သာများ ဆက်ကပ်ပူဇော်ပြီး  ပရဝုဏ်အတွင်းနှင့် ရှေးဟောင်းသမိုင်းဝင်ရာဇမင်္ဂလာကန်တော်အား လှည့်လည်ကြည့်ရှု ကြရာ မြို့နယ်စာရေး ဆရာအသင်းဥက္ကဋ္ဌသမိုင်းကြောင်းနှင့်ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များအား အစဉ် ဆက်ဆက်ထိန်းသိမ်းလာမှုများကို ရှင်းလင်းတင်ပြပေးသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချောင်းငယ်ကျောင်းတိုက် ဦးစီးနာယကဆရာတော် ဘဒ္ဒန္တသံဝရအား ဖူးမြော်ကြည်ညိုကြ၍ ချောင်းငယ်ကျောင်းတိုက်အတွင်း တည်ဆောက်လျက်ရှိသည့် သုခိတာဘောဇန (၂)ထပ် ဆွမ်းစားဆောင်ဆောက်လုပ်ရန်အတွက် အလှူငွေနှင့်လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြ ကြောင်းသိရှိရသည်။

ယင်းနောက်ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့်အဖွဲ့သည် တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါ ကာ ကွယ်၊ကုသရေးလုပ်ငန်းများတွင် အသုံးပြုမည့် Oxygen Plant ထား ရှိရန်ဆေးရုံဝင်းအတွင်း သံကူကွန်ကရစ် (၁)ထပ်အဆောက်အဦ (၂၅ပေ၊၃၀ပေ၊၁၅ပေ) အမျိုးအစားတည်ဆောက်မည့် မြေနေရာနှင့်ဆောင်ရွက်ထားရှိမှု များကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူဒေါက်တာအောင်သိုက်ထွန်းနှင့်မြို့နယ်လမ်းဦးစီးဌာနဦးစီးအရာရှိ ဦးကျော်သီဟ တို့က စီမံဆောင်ရွက်ထားရှိမှုနှင့်ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို တင်ပြရာ ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်တို့က လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရှိရသည်။ 


အဆိုပါ တနင်္သာရီမြို့နယ်အောက်ဆီဂျင်စက်ရုံအား တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၏ အထွေထွေပိုလျှံရန်ပုံငွေ (GRF)ငွေလုံးငွေရင်း ရန်ပုံငွေတန်ဘိုး(၂၂ဒဿမ၂၇၀)ကျပ်သန်းဖြင့် တိုင်းဒေသကြီးလမ်းဦးစီးဌာနမှလည်း ကောင်း၊ ၎င်းအောက်ဆီဂျင်စက်ရုံသို့လျှပ်စစ်မီးသွယ် တန်းခြင်းလုပ်ငန်းအတွက် တန်ဘိုးငွေ ကျပ်(၂၅ ဒဿမ ၄၉၀)ဖြင့် တိုင်းဒေသကြီးလျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှလည်း ကောင်းတာဝန်ယူတည်ဆောက်ပေး သွားမည်ဖြစ် ကြောင်း သိရှိရသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုမှတနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံအတွင်း ကုသမှုခံယူ လျက်ရှိသည့် လူနာများအတွက် ထောက်ပံ့ပေးသည့်မေတ္တာ လက်ဆောင်များကို ဝန်ကြီးချုပ်(ကိုယ်စား) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်နှင့် တာဝန်ရှိသူများက လူနာများထံ လက်ဝယ်အရောက်သွား ရောက် ၍ ပေးအပ်ခဲ့ကြကြောင်း သိရသည်။


နန်းသာရီ-ထိန်ဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)