အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်



MNP ၊ မတ် ၈

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ပြည်နယ်ခန်းမတွင် ၂၀၂၂ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နေ့လယ် (၁) နာရီက ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက်ခဲ့‌ကြောင်း သိရသည်။

အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ အမျိုးသမီးများအတွက် ဂုဏ်ယူစရာ နေ့လေးတစ်နေ့ ဖြစ်ပါကြောင်း အမျိုးသမီးထုကြီးတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပုံမှန် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက် လျက်ရှိသလို ကိုဗစ်-၁၉ရဲ့နောက်ဆက်တွဲ ဆိုးကျိုးကနေ ပြန်လည်ထူထောင်ရေးများ ဆောင်ရွက်ရာမှာလည်း အမျိုးသမီးကဏ္ဍကို နောက်ကျန်မနေစေဖို့ အမျိုးသမီးများ၏ စွမ်းပကားတိုးမြှင့်စေရေးအတွက် ကုလသမဂ္ဂ အဖွဲ့ကြီးက “စဉ်ဆက်မပြတ် တိုးတက်ဖို့ ကျား၊ မ တန်းတူညီမျှစို့” ဆိုတဲ့ ဆောင်ပုဒ်လေးကို ချမှတ် ဆောင်ရွက်ပေးခဲ့ကြောင်း၊ မြန်မာအမျိုးသမီးများရဲ့ အခွင့်အရေးတွေကိုပိုမိုမြှင့်တင် ကာကွယ်စောင့်ရှောက်နိုင်ဖို့ အတွက် နိုင်ငံတော်အနေနဲ့ ဘက်ပေါင်းစုံက ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာ အမျိုးသမီးများ ဟာ ကဏ္ဍစုံမှာအမျိုးသားများနဲ့ တန်းတူပါဝင် ဆောင်ရွက်‌နေကြတဲ့အတွက် ဂုဏ်ယူပါကြောင်းပြောကြားခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံမှပေးပို့သော သဝဏ်လွှာ အား ဖတ်ကြားခဲ့သည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် Video Clip အားပြသခြင်းနှင့် ဖြူစင်အိမ်အဖွဲ့မှ” ငြိမ်းချမ်းရေးလမ်းသာ” သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကာ အမှတ်တရ မှတ်တမ်းဓါတ်ပုံ များ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။


သတင်း - ခင်စန်းမြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)