လူမှုဝန်ထမ်းလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေး ညှိနှိင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူမှုဝန်ထမ်းလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေး ညှိနှိင်းအစည်းအဝေးကျင်းပ







MNP ၊ မတ် ၈

လူမှုဝန်ထမ်းလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေး ညှိနှိင်းအစည်းအဝေးကို ယမန်နေ့က ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မြေပြင်တွင် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်ဦးစီးမှူးများနှင့် New Normal ပုံစံဖြင့် ယခုကဲ့သို Online မှ တွေ့ဆုံခြင်းဖြင့် လုပ်ငန်းတိုးတက်မှုအခြေအနေနှင့် လိုအပ်ချက်များကို အချိန်မီသိရှိပြီး ပေါင်းစပ်ဖြေရှင်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

   

ပြည်ထောင်စုဝန်ကြီးက ဦးစီးဌာနများအလိုက် ပုံမှန်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအပြင်  အချိန်တိုအတွင်း ရလာဒ်ထွက်ပေါ်နိုင်မည့် (Quick Win) လုပ်ငန်းစီမံချက်များကို တိကျသော အချိန်ကာလသတ်မှတ်ချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် Reporting System အားကောင်းရန်လိုပြီး ရုံးဌာနများအချင်းချင်း ပေါင်းစပ်ဆောင်ရွက်ရာတွင် အောင်မြင်မှုများ ရရှိရန်အတွက် ယင်းအချက်မှာ  အဓိကကျသည့်အတွက် တာဝန်ရှိသူများအားလုံး အနေဖြင့် ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း မှာကြားဆွေးနွေးခဲ့သည်၊၊


 ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က မမိတိုအနေဖြင့် လူမှုအဖွဲအစည်းအတွင်း မိသားစုများတွင် လူမှုရေးပြဿနာများကြောင့် ဖွံဖြိုးတိုးတက်ရေးကို အနှောင့်အယှက်ဖြစ်စေမှုများ လျော့ပါးသက်သာစေရန်အတွက် ပံ့ပိုးကူညီမှုများ၊ ကာကွယ်စောင့်ရှောက်မှုများ ဆောင်ရွက်ပေးရ သည့် ဌာနဖြစ်ပါကြောင်း၊ ဌာနမှ ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများ အောင်မြင်စေရန်အတွက် ဝန်ထမ်းများအနေဖြင့် မိမိတိုဆောင်ရွက်ရသည့် လုပ်ငန်းတာဝန်ရည်ရွယ်ချက်ကို ရှင်းလင်းစွာ နားလည်သဘောပေါက်ရန်လိုပြီး ဝန်ထမ်းများအားလုံး၏ ကိုယ်ရည်ကိုယ်သွေး၊ ဗဟုသုတ၊ လုပ်နည်းလုပ်ဟန်တိုမှာ အလွန်အရေးကြီးပါကြောင်းနှင့် ယခုကာလအတွင်း လုံခြုံရေးနှင့် ကျန်းမာရေးအပါအဝင် တာဝန်ထမ်းဆောင်ရာတွင် အားနည်းချက်များ မဖြစ်ပေါ်စေရေးအတွက် လုပ်ဆောင်မှုအဆင့်တိုင်းတွင် တိကျမှန်ကန်စနစ်ကျရန် လိုအပ်ပါကြောင်း ဆွေးနွေးမှာကြားခဲ့ပြီး အမြဲတမ်းအတွင်းဝန်က ယခင်ပြုလုပ်ခဲ့သည့် (၁/၂၀၂၂)အစည်းအဝေး ဆုံးဖြတ်ချက်များ တစ်ချက်ချင်းအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ဖတ်ကြား ရှင်းလင်းတင်ပြခဲ့သည်။


ဆက်လက်၍    ဝန်ကြီးရုံးဌာနခွဲများမှ တင်ပြလိုသည့် အချက်များအား ဒုတိယအမြဲတမ်း အတွင်းဝန်ကလည်းကောင်း၊ ဦးစီးဌာနများမှ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၊ သင်တန်းကျောင်းများ၊ စခန်းများ၊ ဂေဟာများ၊ ဌာနငယ်များမှ တင်ပြလိုသည့် အချက်များအား တာဝန်ခံ ညွှန်ကြားရေးမှူးများကလည်းကောင်း၊ လုပ်ငန်းတိုးတက်မှုအခြေအနေများ၊ လမ်းညွှန်မှုခံယူလိုသည့်အချက်များနှင့် ညှိနှိင်းဖြည့်ဆည်းပေးစေလိုသည့်အချက်များအား ဆွေးနွေး တင်ပြခဲ့ကြရာ ညွန်ကြားရေးမှူးချုပ်များ၊ ဒုတိယဝန်ကြီးနှင့်  ပြည်ထောင်စုဝန်ကြီးတိုက လိုအပ် ချက်များအား ပေါင်းစပ်ညှိနှိင်းဆောင်ရွက်ပေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)