သံတွဲမြို့နယ်ရှိ သူဌေးရေအားလျှပ်စစ် စီမံကိန်းနှင့် ခရမ်းမော်ကျေးရွာရှိ နေကြာစံပြစိုက်ကွက်တို့အား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့နယ်ရှိ သူဌေးရေအားလျှပ်စစ် စီမံကိန်းနှင့် ခရမ်းမော်ကျေးရွာရှိ နေကြာစံပြစိုက်ကွက်တို့အား ကြည့်ရှုစစ်ဆေး




MNP ၊ မတ် ၇

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ ရခိုင်ပြည်နယ် သံတွဲမြို့၏ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာရှိ သူဌေးချောင်းပေါ်တွင် ဆောင်ရွက်လျက်ရှိသော သူဌေးရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်သို့ ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကြသည်။

ဦးစွာ သူဌေးရေအားလျှပ်စစ်စီမံကိန်း ရှင်းလင်းဆောင်၌ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန (အမှတ်(၄)တည်ဆောက်ရေး) ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထွန်း က သူဌေးလျှပ်စစ်စီမံကိန်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က စီမံကိန်းလုပ်ငန်းခွင်မှ ဝန်ထမ်းများအတွက် လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး သူဌေးရေအားလျှပ်စစ် စီမံကိန်းလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် သူဌေးရေအားလျှပ်စစ်စီမံကိန်း ရေဝပ်ဧရိယာအတွင်းရှိ ပုရစ်ကျေးရွာနှင့် ရေကောက်ကျေးရွာများအား ပြန်လည်နေရာချထားသည့် ကျေးရွာ အသစ်နေရာများအား သွားရောက်ကြည့်ရှုကြရာ ကျေးရွာများအတွက် နေအိမ် အဆောက်အဦများ ဆောက်လုပ်ပေးထားမှု၊ စာသင်ကျောင်းနှင့် ဆရာ/ဆရာမများ အတွက် နေအိမ်များ ဆောင်ရွက်ပေးထားမှုနှင့် အများပိုင်အဆောက်အဦများ ဆောက်လုပ်ပေးရန်လျာထား ဆောင်ရွက်နေမှု အခြေအနေများ၊ လျှပ်စစ်မီး၊ သောက် သုံးရေရရှိရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရေအားလျှပ်စစ် စီမံကိန်းမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် သံတွဲ မြို့နယ် ခရမ်းမော်ကျေးရွာ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးပြသထားသည့် ရေဆင်းစပ်မျိုး(၁) နေကြာ(IPM) စံပြစိုက်ကွက်အား သွားရောက်ကြည့်ရှုရာ တာဝန် ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)