အမှီအခိုရအောင် ပြည်ပအားကိုးရှာခြင်းဟာ ပျက်စီးဖို့ပဲဖြစ်လိမ့်မယ် ဟု တရုတ်နိုင်ငံခြားရေးဝမ်ရိ ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမှီအခိုရအောင် ပြည်ပအားကိုးရှာခြင်းဟာ ပျက်စီးဖို့ပဲဖြစ်လိမ့်မယ် ဟု တရုတ်နိုင်ငံခြားရေးဝမ်ရိ ပြောကြား



ပေကျင်း ၊ မတ် ၇ 

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ထိုင်ဝမ်မေးခွန်းသည် ယူကရိန်းအရေးနှင့် သဘောသဘာဝချင်း ကွဲပြားခြားနားကြောင်း နှင့် ယင်းနှစ်ခုကို လုံးဝထပ်တူပြု နှိုင်းယှဉ်၍ မရကြောင်း ယနေ့ မတ် ၇ ရက်တွင်ပြောကြားခဲ့သည်။

အကြီးမားဆုံးခြားနားချက်မှာ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခွဲထုတ်၍ မရသောအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ထိုင်ဝမ်မေးခွန်းသည် တရုတ်နိုင်ငံ၏ လုံးဝပြည်တွင်းရေးကိစ္စဖြစ်ကာ ယူကရိန်းအရေးမှာမူ ရုရှား နှင့် ယူကရိန်း ၊ ယင်းနိုင်ငံနှစ်နိုင်ငံအကြား အငြင်းပွားမှုမှတဆင့် ပေါ်ပေါက်လာသောကိစ္စရပ်ဖြစ်ကြောင်း ဝမ်က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

အချို့လူများသည် ယူကရိန်းအရေးအား အချုပ်အခြာအာဏာပိုင်ဆိုင်မှု၏ အခြေခံစည်းမျဉ်းစည်းကမ်းပေါ် ပြောဆိုနေကြချိန်တွင် ထိုင်ဝမ်မေးခွန်းအပေါ် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ နှင့် ပိုင်နက်နယ်မြေ ထိန်းသိမ်းမှုကို အားယုတ်သွားအောင် လုပ်ဆောင်နေသည်မှာ ဗြောင်ကျကျပင် စံနှုန်းနှစ်ခု ပြုမူပြောဆိုခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိ ရေလက်ကြားဖြတ်ကျော်တင်းမာမှုသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ငြင်းပယ်ကာ ထိုင်ဝမ်ရေလက်ကြားနှစ်ဖက်စလုံးသည် တစ်နိုင်ငံတည်းက ပိုင်ဆိုင်ပြီး တရုတ်နိုင်ငံချင်းအတူတူ ဖြစ်သည်ဆိုသည့် တည်ရှိမှုအား ပြောင်းလဲပစ်ရန် ကြိုးပမ်းနေသူများကြောင့်သာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယင်းလုပ်ဆောင်ချက်များသည် ထိုင်ဝမ်၏ အနာဂတ်ကို ဖျက်ဆီးခြင်းပင်ဖြစ်လိမ့်မည်ဟု ၎င်းက သတိပေးပြောကြားခဲ့သည်။ 

တစ်ချိန်တည်းမှာပင် အမေရိကန်နိုင်ငံရှိအချို့သော အင်အားစုများသည် “ ထိုင်ဝမ်လွတ်လပ်ရေး” အတွက် ခွဲထွက်ရေးအင်အားစုများ ကြီးထွားလာအောင် တွန်းအားပေးပြီး တရုတ်-တစ်နိုင်ငံတည်းမူဝါဒကို ပြောင်းလဲပစ်ရန် နှင့် အတွင်းလှိုက်စားရန် ကြိုးပမ်းခဲ့ကြောင်း ၎င်းက ဆိုသည်။

ယင်းလုပ်ဆောင်ချက်များသည် ထိုင်ဝမ်အား မသေချာမရေရာသောအခြေအနေတစ်ခုဆီသို့ တွန်းပို့နေခြင်း ဖြစ်ရုံမျှသာမက အမေရိကန်အတွက် သည်းမခံနိုင်သော အကျိုးဆက်များကိုလည်း ဆောင်ကြဉ်းပေးလိမ့်မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ 

ထိုင်ဝမ်အနာဂတ်သည် ပြည်ပအင်အားစုများက ပြုလုပ်ပေးသည့် “ ဗလာနတ္ထိကတိကဝတ်များ”ထက်စာလျှင် နိုင်ငံ၏ ပြန်လည်ပေါင်းစည်းမှုနှင့် ရေလက်ကြားဖြတ်ကျော်ဆက်ဆံရေး၏ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုပေါ်တွင် တည်မှီနေကြောင်း ၎င်းက ဆိုသည်။

 “ အမှီအခိုရအောင် ပြည်ပအားကိုးရှာခြင်းဟာ ပျက်စီးဖို့ပဲဖြစ်လိမ့်မယ်။ တရုတ်နိုင်ငံကို ထိန်းချုပ်ဖို့ ထိုင်ဝမ်ကို အသုံးချမယ့်အစီအစဉ်ဟာ အဆုံးမှာတော့ ကျရှုံးသွားမှာပါ” ဟု ၎င်းက ဆိုသည်။


Ref : ဆင်ဟွာ

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)