(၄၀)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဦးဆောင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၄၀)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဦးဆောင်တက်ရောက်




MNP ၊ မတ် ၇

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် ဦးဆောင်၍ အဆင့်မြင့်ရဲအရာရှိကြီးများပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၁ ရက်မှ ၄ ရက်အထိ ကျင်းပပြုလုပ်သည့် (၄၀)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ (40th ASEANAPOL Conference) သို့ တက်ရောက်ခဲ့ပါသည်။

အထက်ပါ (၄၀) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ (40th ASEANAPOL Conference)သို့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ရဲချုပ်များနှင့် အဆင့်မြင့်ရဲအရာရှိကြီးများ၊ အာဆီယံရဲအဖွဲ့အတွင်း ရေးမှူးရုံးမှ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူးနှင့် အဆင့်မြင့်ရဲအရာရှိကြီးများ၊ ဆွေးနွေးဘက် နိုင်ငံ/ အဖွဲ့ အစည်းများဖြစ်ကြသော အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL)၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ နယူးဇီလန်၊ တူရကီ၊ ဗြိတိန်၊ သြစတြေးလျနိုင်ငံတို့မှ ရဲချုပ်များနှင့် အဆင့်မြင့် ရဲအရာရှိကြီးများ၊ လေ့လာဘက်နိုင်ငံ/ အဖွဲ့ အစည်းများဖြစ်ကြသော ကနေဒါ၊ ပြင်သစ်နှင့် အမေရိကန်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာရဲချုပ်များအသင်း (International Association of Chiefs of Police - IACP)၊ Federal Bureau of Investigation (FBI) တို့မှ အဆင့်မြင့်ရဲအရာရှိကြီးများ တက်ရောက်ခဲ့ကြပါသည်။

ညီလာခံအစီအစဉ်အနေဖြင့် ၁-၃-၂၀၂ ရက်နေ့တွင် (၁၁) ကြိမ်မြောက် အလုပ်အမှုဆောင် ကော်မတီအစည်းအဝေးကိုလည်းကောင်း၊ ၂-၃-၂၀၂၂ ရက်နေ့တွင် (၄၀) ကြိမ်မြောက် အာဆီယံ ရဲအဖွဲ့ ညီလာခံဖွင့်ပွဲအခမ်းအနား၊ ပထမအကြိမ်စုံညီအစည်းအဝေး၊ အာဆီယံရဲအဖွဲ့ ဝင်နိုင်ငံများမှ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင်များ၏ တွေ့ဆုံ ဆွေးနွေးပွဲ၊ အာဆီယံရဲအဖွဲ့ဝင် နိုင်ငံများနှင့် ဆွေးနွေးဘက်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များ၏တွေ့ဆုံဆွေးနွေးပွဲ၊ ကော်မရှင် A၊ B၊ C အစည်းအဝေးများကိုလည်းကောင်း၊ ၃-၃-၂၀၂၂ ရက်နေ့တွင် အာဆီယံ ရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ၏ ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဂေါက်သီးရိုက် အားကစားအဖွဲ့များ၏ ဂေါက်သီးရိုက်ပြိုင်ပွဲတို့ကိုလည်းကောင်း၊ ၄-၃-၂၀၂၂ ရက်နေ့တွင် ဒုတိယအကြိမ်စုံညီ အစည်းအဝေးနှင့် (၄၀)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံပိတ်ပွဲအခမ်းအနား တို့ကိုလည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)