လှိုင်းဘွဲမြို့နယ်တွင် သဘာဝဘေးအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် သတင်းအမှား/အမှန် ခွဲခြားနိုင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လှိုင်းဘွဲမြို့နယ်တွင် သဘာဝဘေးအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် သတင်းအမှား/အမှန် ခွဲခြားနိုင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

 


MNP -  မတ်   ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ သဘာဝ ဘေးအန္တရာများ ကြိုတင်ကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာနှင့် သတင်းအမှား/အမှန် ခွဲခြားသိမြင်နိုင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က အဆိုပါ သင်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးရီက ဘေးအန္တရာယ်များ နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ အသိပညာပေး ဟောပြောခဲ့ပြီး မြို့နယ်သမဝါယမအသင်းစု လီမိတက်ဥက္ကဋ္ဌ ဦးလင်းခိုင်က သတင်းအမှား/အမှန် ခွဲခြားနိုင်ရေးအတွက် သတင်းအမှားများ ဖြစ်ပေါ်လာသည့် သဘောတရားတရားတို့ကို သရုပ်ပြ၍ အသိပညာပေး ဟောပြောခြင်း၊ သတင်းအရင်းအမြစ်များ၊ အချက်အလက်များ သုံးသပ်ခြင်း စသည့် အကြောင်းအရာများကို  အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် မြိုင်ကြီးငူအထူးဒေသ နယ်မြေမီးသတ်စခန်းမှ တာဝန်ခံ ဦးစောကျော်ခေတ်အွာက မီးဘေးအန္တရာယ်များ ကျရောက်လာပါက ဆက်သွယ်ရေးရမည့် ဖုန်းနံပါတ်များ၊ အရေးပေါ် ဆောင်ရွက်ရမည့် အချက်များကို လည်းကောင်း၊ ရွှေဂွန်းကျေးရွာ ရဲစခန်းမှ ဒုရဲအုပ် မင်းသိန်းဦးနှင့် မြို့နယ်မူးယစ်ဆန့်ကျင်ရေး အသင်းဥက္ကဋ္ဌ ဦးဌေးဝင်းတို့က မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါးအမျိုး အစားများ၊ ပြစ်မှုပြစ်ဒဏ်များကို လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး) ဦးစောသော်တာလင်းသန့်က မီဒီယာကျင့်ဝတ်စည်းကမ်းနှင့် မီဒီယာများ၏ အခန်းကဏ္ဏကို ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခြင်းနှင့် မေးခွန်းမေးမန်းမှု အကောင်းဆုံးဆုတို့ကို ဆုများပေးအပ်ခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု  ဦးစီးဌာနမှ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အသိပညာပေး ဗီနိုင်းပိုစတာများ ပေးအပ်ခြင်း၊ မုန်တိုင်းဘေး၊ ငလျင်ဘေးအတွက် သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း - စောဒိ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)