နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်ရှိ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနအား သွားရောက်ကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်ရှိ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနအား သွားရောက်ကြည့်ရှု

 


MNP - မတ်    ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနအား ယမန်နေ့မွန်းလွဲ ၂ နာရီက နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း သွားရောက်ကြည့်ရှုခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း မြတ်ရတနာခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဥတ္တရခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် စာဖြေဌာနတွင် တာဝန်ထမ်းဆောင်မည့် ကြီးကြပ်ရေးမှူးများနှင့် တွေ့ဆုံ၍ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ရေး၊ မေးခွန်းနှင့်အဖြေလွှာများ လုံခြုံမှုရှိစေရေး၊ ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ထားရှိစေရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အလေးထား ဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က ဆွေးနွေးချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်းရှိ တက္ကသိုလ်ဝန်တန်းစာမေးပွဲ ဖြေဆိုမည့် စာဖြေခန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ထားရှိသည့်အခန်းများကို လိုက်လံကြည့်ရှုခဲ့ပြီး ဥတ္တရသီရိမြို့နယ် အနေဖြင့် စာစစ်ဌာန(၆)ခုတွင် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စာရင်းရှိဦးရေ စုစုပေါင်း (၁၀၆၉) ဦးရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)