မချမ်းဘော့မြို့စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး စာဖြေဆို ခန်း၊ လုံခြုံရေးနေရာ၊ ကျန်းမာ‌ရေးစောင့်ရှောက်ခန်းတို့အား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မချမ်းဘော့မြို့စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး စာဖြေဆို ခန်း၊ လုံခြုံရေးနေရာ၊ ကျန်းမာ‌ရေးစောင့်ရှောက်ခန်းတို့အား ကြည့်ရှုစစ်ဆေး




MNP - မတ်    ၃ဝ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ မတ်လ (၃၁) ရက်နေ့မှ ကျင်းပသွားမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်စွာ‌ ကျင်းပနိုင်ရေးအတွက် စာမေးပွဲဖြေဆိုခန်း၊ လုံခြုံ ရေးနေရာ၊ ကျန်းမာရေးစောင့်ရှောက်ခန်းနှင့် မီး၊ ရေ အဆင်ပြေစေရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူး ဉာဏ်လင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ကော်မတီဝင်များက ယနေ့ မွန်းလွဲ ၁ နာရီတွင် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

မချမ်းဘော့စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခန်း ၃ခန်း၊ အရန်ခန်း၂ ခန်း ထားရှိပြီး တစ်ခန်းလျှင် ဖြေဆိုသူ ၃ဝ ဦးဖြေဆိုမည်ဖြစ်ပြီး ဖြေဆိုမည့် ကျောင်း သား/သူများမှ ကိုဗစ်-၁၉ Positive ရှိလာပါက ဖြေဆိုရန်အတွက် သီးသန့်အခန်း ပြင်ဆင်ထားကြောင်း၊ ကျောင်းအပြင် ပတ်လည်တွင် လုံခြုံရေးနေရာထားကာ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးများ၊ ဌာနဆိုင်ရာများမှ လုံခြုံရေးကြီးကြပ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုကို မြို့နယ်ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများက အနီးကပ်စောင့်ရှောက် သွားမည်ဖြစ်ကြောင်းနှင့် လျှပ်စစ်မီးနှင့် ရေ အဆင်ပြေစေရေးအတွက် မြို့နယ်လျှပ်စစ်ဌာနနှင့် မြို့နယ်စည်ပင်အဖွဲ့က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကိုဗစ်-၁၉ ကော်မတီများမှ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/သူများအတွက် Mask ခုရေ (၁ဝဝဝ)နှင့် Hand gel (၂ဝ)ဘူးအား‌ ပေးအပ်လှူဒါန်းရာ မချမ်းဘော့မြို့နယ် စာစစ်ဌာနကြီးကြပ်ရေးမှူး ဒေါ်နန်းအေလာက လက်ခံရယူခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)