စလင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

စလင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား ကွင်းဆင်းစစ်ဆေး



MNP - မတ်    ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် စာစစ်ဌာန (၇) ခု ဖွင့်လှစ်ထားရှိသော ကျောင်းများသို့ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးသိန်းဌေး၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးအောင်သူ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ကျောင်းဝန်းအတွင်း မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးခတ်၊ သဲ၊ ရေကန်များထားရှိမှု အခြေအနေ၊ လျှပ်စစ်ဝါယာကြိုးနှင့် လျှပ်စစ်ပစ္စည်းများ အခြေအနေ၊ လုံခြုံရေးချထားမည့်နေရာတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့သည်။

စလင်းမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန (၇) ခု ဖွင့်လှစ်ထားပြီး အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁၇၁၂) ဦး ဝင်ရောက်ဖြေဆိုကြမည် ဖြစ်ကြောင်း သိရသည်။

သတင်း - မောင်လွင် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)