တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဘုတ်ပြင်း-အုန်းတောကမ်းတံတား ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဘုတ်ပြင်း-အုန်းတောကမ်းတံတား ဖွင့်ပွဲအခမ်းအနားကျင်းပ



MNP - မတ်    ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် ဘုတ်ပြင်းချောင်းပေါ်တွင် တည်ဆောက်ပြီးစီးသည့် ဘုတ်ပြင်း-အုန်းတော ကမ်းတံတားကို ယနေ့နံနက်က ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက၊ အဖွင့်အမှာစကားပြောကြားခြင်း၊ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက တံတားတည်ဆောက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခြင်း၊ တနင်္သာရီတိုင်းဒေသကြီး အစိုးအရအဖွဲ့ဝန်ကြီချုပ် ဦးမြတ်ကိုက အမှာစကားပြောကြားသည်။ ယင်းနောက် ဒေသခံ ပြည်သူဖြစ်သည့် ကမာချောင်းကျေးရွာမှ ဦးအောင်ကျော်ကျော်ဦးက  တံတားတည်ဆောက်ပေးမှုနှင့် ပတ်သက်၍ ကျေးဇူးတင် စကားပြောကြားသည်။

ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး ၊ တနင်္သာရီတိုင်းဒေသကြီး အစိုးအရအဖွဲ့ဝန်ကြီချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါက်တာအောင်ကြီးတို့က တံတားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက   တံတားကမ္ပည်းမော်ကွန်း ကျောက်စာတိုင်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။ တက်ရောက်လာကြ သူများက ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်အား အမွှေးနံသာရည်ဖြင့် ပက်ဖြန်းပေးပြီး တံတားပေါ်သို့ ဖြတ်သန်းကြည့်ရှုကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။


ဘုတ်ပြင်မြို့နယ်နှင့် အုန်းတောကမ်းကျေးရွာစုရှိ ကျေးရွာများအား ကာလမ်းချိတ်ဆက်ပေးမည့် ဘုတ်ပြင်း-အုန်းတော ကမ်းတံတားကို ၂၀၁၉ ခုနှစ် ဧပြီလ ၁၈ ရကနေ့မှစတင်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန တည်ဆောက်ရေးအဖွဲ့(၄) တံတား အထူးအဖွဲ့(၁၃)က တာဝန်ယူတည်ဆောက်ခဲ့ပြီး တံတားမှာ နှစ်လမ်းသွား သံကူကွန်ကရစ်တံတားဖြစ်၍ တံတာအရှည်သည် (၁၂၀၀)ပေရှိပြီး ယာဉ်သွားလမ်းအကျယ် (၂၄)ပေနှင့် လူသွားလမ်းအကျယ် တစ်ဖက်လျှင်(၃)ပေစီ၊ ရေလမ်းကင်းလွတ် အကျယ် (၈၃) ပေ၊ ရေလမ်းကင်းလွတ် အမြင့်(၁၈)ပေရှိကာ တံတားခံနိုင်ဝန်မှာယာဉ်တစ်စီးချင်း တန်(၆၀) ဖြစ်ကြောင်း  တံတား၏ အောက်ခံအုပ်မြစ်များအား အချင်း(၁.၂)မီတာရှိသည့် ဘိုးပိုင်များ ဖြစ်၍ တံတားအပေါ်ကိုယ်ထည်မှာ သံကူကွန်ကရစ်ရက်မ၊ သံမဏိရက်မ(Plate Girder)နှင့် သံကူကွန်ကရစ်ကြမ်းခင်းတို့ဖြင့် တည်ဆောက်ထားကြောင်း သိရှိရသည်။ 

ယခင်က အုန်းတောကမ်းကျေးရွာမှရှိတဲ့ ပြည်သူများအနေဖြင့် ဘုတ်ပြင်းမြို့သို့ လာရောက်လာပါက  အုန်းတောကမ်း ဝက်ခြံလမ်းမှ ဘုတ်ပြင်းမြို့သို့ (၁၀)မိုင်ခန့်လာရပြီး ၊ ဘုတ်ပြင်းချောင်းကို ဖြတ်ကာ စက်လှေဖြင့်လာကြရသည်။ တံတားကြီး တည်ဆောက်ပြီးစီး၍ အုန်းတောကမ်းဘက်ခြမ်းမှ ဒေသ ထွက်ကုန်ဖြစ်တဲ့ ဆီအုန်း၊ ရာဘာ၊ ကွမ်းသီးနှင့် ရေထွက်ပစ္စည်းများကို အလွယ်တကူသွားလာရမှာဖြစ်ပြီး ပညာရေး၊ ကျန်းမာရေးနှင့်စီးပွားရေးသာမက လူမှုကဏ္ဍတွေလည်း ပိုမိုဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်းသိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)