ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ၉၂ ဒသမ ၄၂ ရာခိုင်နှုန်း ထိုးနှံပေးပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ၉၂ ဒသမ ၄၂ ရာခိုင်နှုန်း ထိုးနှံပေးပြီးဖြစ်



MNP - မတ်   ၂၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်   ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက ဆေးထိုးအဖွဲ့များခွဲပြီး နေ့စဉ် ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်း ထိုးနှံပေးလျက်ရှိရာ မတ် ၂၄ ရက်နေ့အထိ ပထမအကြိမ် ထိုးနှံပြီးသူ ၁၂၅၁၅၇ ဦး နှင့် ဒုတိယအကြိမ် ထိုးနှံပြီးသူ ၆၇၈၉၇ ဦး ထိုးနှံပေးနိုင်ခဲ့ပြီဖြစ်၍ တစ်မြို့နယ်လုံး ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့် ၉၂ ဒသမ ၄၂ ရာခိုင်နှုန်း ထိုးနှံပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်းစေရန်နှင့် ဆေးထိုးနှံမှု ရာခိုင်နှုန်း အပြည့်အဝ လွှမ်းခြုံနိုင်စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ စာရေးဝန်ထမ်းများ ပူးပေါင်းပါဝင်လျက် ရပ်ကွက်/ကျေးရွာများတွင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် အခက်အခဲရှိသူများနှင့် သက်ကြီးဘိုးဘွားများကို အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် ကျေးရွာများသို့ နယ်လှည့်ကွင်းဆင်းပြီး နေ့စဉ် ထိုးနှံဆောင်ရွက်ပေးနေကြောင်း သိရသည်။ ပွင့်ဖြူမြို့နယ်၌ တစ်မြို့နယ်လုံး ဆေးထိုးနှံရန်အကျုံးဝင်သူ လျာထားဦးရေ စုစုပေါင်း ၁၃၅၄၂၂ ဦးရှိပြီး မတ် ၂၄ ရက်နေ့အထိ ထမအကြိမ် ထိုးနှံပြီးသူ ၁၂၅၁၅၇ ဦးရှိပြီး ဒုတိယအကြိမ် ထိုးနှံပြီးသူ ၆၇၈၉၇ ဦး ရှိပြီဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးစီးမှု ရာခိုင်နှုန်းအနေဖြင့်  ၉၂ ဒသမ ၄၂ ရာခိုင်နှုန်း ရှိပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းအား တစ်မြို့နယ်လုံး ဆေးထိုးနှံ မှုရာခိုင်နှုန်း အပြည့်အဝ လွှမ်းခြုံစွာ ထိုးနှံပြီးစီးရေးအတွက် နေ့စဉ် ထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး  ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် ဒေသခံပြည်သူများအား  ယခုလကုန်အပြီး ထိုးနှံဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကို မဖြစ်မနေ ထိုးနှံနိုင်ရေးအတွက် နယ်မြေအလိုက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော် ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   

သတင်း - ရဲဝင်းနိုင် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)