ဒဂုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံ




MNP - မတ်   ၂၅

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာစေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော်တန်ဆောင်းတွင်ယနေ့နံနက် (၁၀း၀၀)နာရီမှ (၁၂:၃၀)နာရီထိကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (COVISHIELD) အား ပထမအကြိမ်ထိုးနှံပေးခြင်း ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆေးထိုးနှံရာတွင် ဒဂုံမြို့နယ်အတွင်းရှိဦးဝိစာရရပ်ကွက်နှင့် ဘုရားကြီးရပ်ကွက်တို့မှ အသက် (၁၈)နှစ်   နှင့်အထက် ရပ်ကွက်နေပြည်သူ ကျား (၂၀)ဦး၊ မ(၃၅)ဦး လူဦးရေ စုစုပေါင်း (၅၅)ဦး တို့အားထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး ၁ လုံးလျှင် ၁၁ ဦးနှုန်းဖြင့် (၅၅) ဦးအတွက် ဆေးအလုံးရေ (၅ )လုံးအား ထိုးနှံပေးခဲ့သည်။    

ထို့ပြင် COVISHIELD အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)ထိုးနှံခြင်း လုပ်ငန်းအားလည်း ယောမင်းကြီးရပ်ကွက်၊ ဦးဝိစာရရပ်ကွက်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ ဘုရားကြီးရပ်ကွက်နှင့် ပြည်လမ်းအနောက်ရပ်ကွက်တို့မှ အသက်  (၁၈) နှစ်နှင့် အထက်ရှိသူကျား(၁၀၀)ဦး၊မ (၁၃၁)ဦး  စုစုပေါင်း (၂၃၁) ဦးအား ဆက်လက်ထိုးနှံပေးခဲ့ကြရာ ကာကွယ်ဆေး တစ်လုံးလျှင် (၁၁)ဦးနှုန်းဖြင့် (၂၃၁) ဦးအတွက် ဆေးအလုံးရေ (၂၁)လုံးအား ထိုးနှံပေးခဲ့ရာ ကျား(၁၂၀) ဦး၊ မ (၁၆၆)ဦး၊ စုစုပေါင်း (၂၈၆)ဦး တို့လာရောက် ထိုးနှံခဲ့ကြပါသည်။

ကိုဗစ်- ၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ကြောင်း သိရှိရပါသည်။ ကာကွယ်ဆေးထိုးနှံရာနေရာတွင် မလိုလားအပ်သောပြဿနာတစ်စုံ တစ်ရာမရှိစေရေးအတွက် ဒဂုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသူကျော်နှင့် တာဝန်ရှိသူများက ကြီးကြပ်၍  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရွှေပြည်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူမိဘပြည်သူများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

သတင်း - မေသန္တာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)