MNP - မတ် ၁၇
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် အတွက် ရည်ရွယ်၍ မွေးစမှ အသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့်ကြာသာပတေးနေ့တို့တွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန် ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ မွေးစမှအသက်(၁) နှစ်ခွဲအောက် ကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါ ဘီရောဂါနှင့် ဦးနှောက်အမြှေးရောင် ရောဂါ၊ ပိုလိုယို ရောဂါများကို ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေး ထိုးနှံခြင်း/တိုက်ကျွေးခြင်း၊ အသိပညာပေးခြင်းနှင့် ကိုယ်ဝန် ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment