MNP - မတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ မီးပွိုင့်များအား လျှပ်စစ်မီး ယာယီပြတ်တောက်နေစဉ်အတွင်း မီးပွိုင့်များ ပြတ်တောက်မှုမရှိစေရန်အတွက် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က စတင်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ မီးပွိုင့်များအနီးရှိ လုပ်ငန်း၊ဆိုင်များမှ မီးစက်များ၏ မီးကြိုးများတစ်ဆင့် ဆက်သွယ်ခြင်းဖြင့် မီးပွိုင့်များမီးပျက်မှုမရှိစေရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး ထို့သို့ဆောင်ရွက်ပေးခြင်းဖြင့် ယာဉ်မတော်တဆမှုများ မဖြစ်ပေါ်စေရန်နှင့် အများပြည်သူများ လုံခြုံစွာ သွားလာနိုင်စေရေးတို့အတွက် အဓိကထားဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ထို့နောက်မြို့နယ်အတွင်းရှိ မီးပွိုင့်(၉)ခုအနက် မီးပွိုင့် (၇)ခုဖြစ်သည့် ဝေဇယန္တာလမ်းနှင့် လေးထောင့်ကန်လမ်းဆုံအသင်းတိုက်မီးပွိုင့်၊ဝေဇယန္တာလမ်းနှင့်ပြည်သာယာလမ်းဆုံပြည်သာယာမီးပွိုင့် ၊ ဝေဇယန္တာလမ်းနှင့်သံသုမာလမ်းဆုံ ရွှေအင်ကြင်းမီးပွိုင့်၊ သံသုမာလမ်းနှင့်ကမာကြည်လမ်းဆုံ ကမာကြည်မီးပွိုင့်၊ကမာကြည်လမ်းနှင့် မြဝတ်ရည်လမ်းဆုံ မြို့ဦးစေတီမီးပွိုင့်၊လေးထောင့်ကန်လမ်းနှင့်သုမင်္ဂလာလမ်းဆုံ junction ဇဝနမီးပွိုင့်နှင့် ကမာကြည်လမ်းနှင့်ပေါ်ဆန်းမွှေးလမ်း ပေါ်ဆန်းမွှေးမီးပွိုင့် စုစုပေါင်း မီးပွိုင့်(၇)ခုအား မီးပျက် တောက်မှုမဖြစ်ပေါ်စေရေးလိုအပ်သည်များချိတ်ဆက်ဆောင်ရွက်ထားရှိပြီး ဆက်လက်ဆောင်ရွက်ရန်ကျန်ရှိသော မီးပွိုင့်နှစ်ခုအား မီးပျက်လပ်မှုမရှိစေရေးမြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် သက်ဆိုင်ရာ စီမံအုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်း - စန္ဒာမိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment