ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနများတွင် ပြင်ဆင်ထားရှိမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက ယနေ့ နံနက် ၉ နာရီအချိန် စာစစ်ဌာနများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထို့သို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန် ရှိသူများက ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ မေးခွန်းနှင့် အဖြေလွှာများ လုံခြုံမှုရှိစေရေး၊ ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ထားရှိစေရေး၊ မီးဘေးလုံခြုံမှုရှိစေရေး၊ ကျောင်းသား/သူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး လိုအပ်သည် များကို မှာကြားခဲ့သည်။
မောင်တောမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် အ.ထ.က (တောင်ပြို) ကျောင်းများ၌ စာစစ်ဌာန(၃)ခုဖွင့်လှစ် ထားရှိပြီး မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်း ကျောင်းတွင်းဖြေဆိုမည့် ကျောင်းသား/သူ ၆၄၉ ဦးနှင့် အလွတ်ဖြေ ကျောင်းသား/သူ ၇၈၁ ဦး စုစုပေါင်း ၁၄၃၀ ဦးရှိပြီးကြောင်းသိရသည်။
သတင်း - သက်လွင်စိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment