ပိုင်ကျုံမြို့ ကစိုကျေးရွာ၌ မြန်မာနိုင်ငံလူမှုကယ်ဆယ်‌ရေးအသင်း စတင်တည်‌‌ထောင်ဖွဲ့စည်းပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပိုင်ကျုံမြို့ ကစိုကျေးရွာ၌ မြန်မာနိုင်ငံလူမှုကယ်ဆယ်‌ရေးအသင်း စတင်တည်‌‌ထောင်ဖွဲ့စည်းပွဲ အခမ်းအနားကျင်းပ

 


MNP - မတ်    ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာတွင် ကျန်းမာရေးကိစ္စများနှင့်ပတ်သက်ပြီး အခက်အခဲရှိသည့်ဒေသနေ ပြည်သူများ အချိန်တိုအတွင်း ကူညီဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်းဖွဲ့စည်းပွဲ အခမ်းအနားကို ယမန်နေ့က ကစိုကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ကရင်ပြည်နယ်၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်က အမှာစကားပြောကြားပြီး ကစို‌ကျေးရွာ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ဝင်ဦးအရှင်က အသင်းဖွဲ့စည်း တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အခမ်းအနားတွင် ကရင်ပြည်နယ်၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် ဗဟိုဒုဥက္ကဋ္ဌ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ကရင်ပြည်နယ်ဥက္ကဋ္ဌ ဦးအောင်မြင့်၊ လှိုင်းဘွဲမြို့နယ်၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝေယံလင်းတို့နှင့်အတူ ဘားအံမြို့နယ်၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ မိတ်ဘက်အသင်းအဖွဲ့များ တတ်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်း - စောဂျိုးဇက်ဂျူး

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)