ဟားခါးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် ရဲကုန်း အခြေခံပညာ မူလတန်းကျောင်း၌ ပညာသင်ကြားနေမှုအား ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟားခါးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် ရဲကုန်း အခြေခံပညာ မူလတန်းကျောင်း၌ ပညာသင်ကြားနေမှုအား ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ကြည့်ရှုအားပေး

 


MNP - မတ်    ၁

ချင်းပြည်နယ်၊ ဟားခါးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် ရဲကုန်းအခြေခံပညာ မူလတန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုကို မတ်လ ၁ ရက်နေ့ နံနက် ၁၁ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က သွားရောက်ကြည့်ရှုသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် အတူ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းနှင့် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစိန်ထွန်းလှတို့ လိုက်ပါလာကြပြီး ဟားခါးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် ရဲကုန်းအခြေခံပညာ မူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားနေမှုကို ကြည့်ရှုကာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများအား မိမိတို့ကြီးလာရင် ဖြစ်ချင်သည့် ရည်မှန်းချက်များကို မေးမြန်းပြီး မိမိရည်မှန်းချက်အတိုင်း ဖြစ်လာ နိုင်ရန်အတွက် စာကြိုးစားရန်နှင့် ကျန်းမာရေး ကောင်းမွန်ရန်လိုကြောင်း၊ လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံအချို့နှင့် မိမိတို့နိုင်ငံရှိ အချို့ဒေသများတွင် ကိုဗစ်−၁၉ ရောဂါ မျိုးကွဲသစ် Omicron တွေ့ရှိနေသဖြင့် အသက် ၁၂ နှစ်နှင့် အထက်  ကျောင်းသား၊ ကျောင်းသူများအားလုံး ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်လိုကြောင်း ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီး များက ကျောင်းသား/ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် ရဲကုန်းအခြေခံပညာ မူလတန်း ကျောင်းရှိ ဆရာ၊ ဆရာမ နားနေခန်းများတွင် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ ပြည်နယ် ဝန်ကြီးချုပ်က ချင်းပြည်နယ်သည် အခြားတိုင်းဒေသကြီး / ပြည်နယ်များထက် ပညာရေးအပါအဝင် အဖက်ဖက်မှ အားနည်းသည့် ပြည်နယ်ဖြစ်သဖြင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များထက် အဆပေါင်းများစွာ ကြိုးစားအားထုတ်ရန် လိုကြောင်း၊ သို့ဖြစ်၍ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ရသည့်အချိန် ကာလအတွင်း အကောင်းဆုံး ကြိုးစားသင်ကြား ပေးစေလိုကြောင်းနှင့် နိုင်ငံတော်ဝန်ကြီးချုပ်မှ အကြောင်းအမျိုးမျိုးကြောင့် CDM တွင် ပါဝင်နေ သော ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများ အနေဖြင့် ဆန္ဒရှိပါက မိမိမူလဌာနသို့ ပြန်လည်တာဝန် ထမ်းဆောင်ခွင့်ပြုထားသည်ကို ဆရာ၊ ဆရာမများအားလုံး သိရှိစေလိုကြောင်း အားပေးစကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆရာ၊ ဆရာမများအား ထောက်ပံ့ငွေများ ပေးအပ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ချင်းပြည်နယ် မြို့နယ် (၉) မြို့နယ်၌ အခြေခံပညာ ကျောင်းပေါင်း (၁၅၁၆) ကျောင်းရှိသည့်အနက် ဟားခါးမြို့နယ်တွင်  (၃)ကျောင်း၊ မတူပီမြို့နယ်တွင် (၆)ကျောင်း၊ တွန်းဇံ မြို့နယ်တွင် (၅၉) ကျောင်းနှင့် ပလက်ဝမြို့နယ်တွင် (၃၁၅)ကျောင်း၊ ပေါင်း(၃၈၃)ကျောင်း ဖွင့်လှစ် ထားကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)