ကျိုက်ထိုမြို့နယ်၌ (၄၈)နှစ်မြောက်မွန်ပြည်နယ်နေ့အထိမ်းအမှတ် အမျိုးသားဖူဆယ်အားကစားပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်၌ (၄၈)နှစ်မြောက်မွန်ပြည်နယ်နေ့အထိမ်းအမှတ် အမျိုးသားဖူဆယ်အားကစားပြိုင်ပွဲကျင်းပ







MNP ၊ မတ် ၉      

ကျိုက်ထိုမြို့နယ် တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ်ကာယပညာဦးစီးဌာနတို့ပူး‌ ပေါင်း ၍  (၄၈)နှစ်မြောက်မွန်ပြည်နယ်‌နေ့အထိမ်းအမှတ်အဖြစ် (ဖူဆယ်)အားကစားပြိုင်ပွဲကို မတ်လ ၉ ရက်နံနက် ၇နာရီ တွင် ကျိုက်ထိုမြို့နယ် အောင်ဆန်း အားကစားကွင်း (ဖူဆယ်) ဝင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။    

အဆိုပါပြိုင်ပွဲကျင်းပရာတွင် ရပ်ကွက် ကျေးရွာများအလိုက် အုပ်စု (၄)စု ခွဲ၍  အသင်း(၁၀)သင်းမှ မတ် ၉ ရက် နေ့မှ မတ် ၁၁ ရက်နေ့ထိယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပထမနေ့ ပွဲစဉ်တွင် တောင်ပိုင်းရပ်ကွက်အသင်း မှ ကံ့ကော်ရပ်ကွက် အသင်းအား(၂)ဂိုး (၁)ဂိုးဖြင့် လည်းကောင်း၊ မြောက်ပိုင်းရပ်ကွက်အသင်းမှ ကော့စံနိုင်ရပ်ကွက်အသင်းအား(၂)ဂိုး (ဝ)ဂိုးဖြင့် လည်းကောင်း၊ ဖက္ကလိပ်ကျေးရွာအသင်းမှ သိမ်ဇရပ်အုပ်စု(က)အသင်းအား(၆)ဂိုး (၄)ဖြင့်အနိုင်ရ ကစားခဲ့ကြသည်။

ယှဉ်ပြိုင်ကစားနေသည့်အသင်းများ အနေဖြင့် ပထမ၊ ဒုတိယပွဲစဉ်များ၌ ရှုံးထွက်ပွဲကိုကြုံတွေ့ရမှာဖြစ်၍ တတိယပွဲစဉ်အ တွက်ကြိုးစား  ကစားလျှက်ရှိကြောင်းသိရသည်။


သတင်း - ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)