ထားဝယ်မြို့နယ်၊ ဖောင်းတောမီးစက်ကျေးရွာတွင် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအတွက် စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သူများနှင့် ကျေးရွာအဆင့် (ဒုတိယအကြိမ်) တွေ့ဆုံဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထားဝယ်မြို့နယ်၊ ဖောင်းတောမီးစက်ကျေးရွာတွင် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအတွက် စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သူများနှင့် ကျေးရွာအဆင့် (ဒုတိယအကြိမ်) တွေ့ဆုံဆွေးနွေးပွဲကျင်းပ






MNP ၊ မတ် ၉ 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင်ဆောင်ရွက်မည့် ဖောင်းတောကြီး ချောင်းရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအတွက် စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သူများနှင့် ကျေးရွာအဆင့်  (ဒုတိယအကြိမ်) တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဖောင်းတောမီးစက်ကျေးရွာ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။ 


တွေ့ဆုံပွဲတွင် Pan Theingi Energy Co., Ltd မှ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒေါက်တာစိုးမိုးက ကုမ္ပဏီမှဆောင်ရွက်နေသည့် လုပ်ငန်းများအားရှင်းလင်းဆွေးနွေးပြောကြားပြီး ဒါရိုက်တာ ဦးဟန်ဆွေဦးက စီမံကိန်းအကြောင်းအရာနှင့် လက်ရှိဖောင်းတောရေအားလျှပ်စစ်စက်ရုံအခြေအနေ တို့ကို ရှင်းလင်းတင်ပြသည်။ 


ထို့နောက် Environmental Compliance Consultancy Co., Ltd မှ အတိုင်ပင်ခံအရာရှိ ဦးအောင်ကောင်းမြတ် နှင့်  ဒေါ်မြတ်မွန်ဆွေတို့ က ကုမ္ပဏီမှဆောင်ရွက်နေသောလုပ်ငန်းများအကြောင်း၊ လိုက်နာရမည့်ဥပဒေများနှင့်စံချိန်စံညွှန်းများ၊ စီမံကိန်းအမျိုးအစားနှင့်အရွယ်အစားသတ်မှတ်ချက်၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း၏ရည်ရွယ်ချက်နှင့် ထိခိုက်မှုဆန်းစစ်ခြင်းအဆင့်များ၊ လေ့လာဆန်းစစ်မည့် လွှမ်းခြုံဧရိယာ၊ ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် အခြေခံစစ်တမ်းကောက်ယူရခြင်း ရည်ရွယ်ချက်၊ အခြေခံစစ်တမ်းကောက်ယူမည့်အစီအစဉ်များနှင့် သဘာဝပတ်ဝန်းကျင်အခြေအနေဆန်းစစ်လေ့လာခြင်း ဆောင်ရွက်ထားရှိမှုအခြေအနေများအားရှင်းလင်းဆွေးနွေးပြောကြားသည်။ 


ဆက်လက်၍ အတိုင်ပင်ခံအရာရှိ ဒေါက်တာညိုညိုလွင်မှ ဇီဝမျိုးစုံမျိုးကွဲအခြေအနေ ဆန်းစစ်လေ့လာခြင်း ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အတိုင်ပင်ခံအရာရှိ ဒေါ်မြတ်မွန်ဆွေက လူထုတွေ့ဆုံပွဲဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်၊ လေ့လာဆန်းစစ်မည့် ကျေးရွာများ၏လူမှုစီးပွားစစ်တမ်း ကောက်ယူခြင်း၊ လူမှုဝန်းကျင်အခြေအနေ၊ ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းမှ ယေဘူယျ အကျိုးသက်ရောက်မှုများ၊ စီမံကိန်းကြောင့် အဓိကထိခိုက်သက်ရောက်နိုင်မှုနှင့် လျော့ချနိုင်မည့်နည်းလမ်းများ၊ ဆက်စပ် သက်ရောက်နိုင်မှု ဆန်းစစ်ခြင်းများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြသည်။ 


ယင်းနောက် ဒေသခံပြည်သူများ၊ စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သူများက သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများ က ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။ 


ရွှေပင်လယ်(ထားဝယ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)