ရွှေတောင် မြို့နယ် တွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင် မြို့နယ် တွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်




MNP -    ၉

ပဲခူးတိုင်းဒေသကြီးပြည်ခရိုင် ရွှေတောင် မြို့နယ် ကျွန်းကလေးအုပ်စုပဒေသာကျေးရွာတွင်ယနေ့နံနက်ပိုင်းက လေပြင်းကာကွယ်ရေးလုပ်ငန်းများအားပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။ 

အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် ကျွန်းကလေးကျေးရွာအုပ်စု ပဒေသာကျေးရွာရှိ ခိုင်ခံမှု အားနည်းသောအိမ်ခြေ ( ၉၀)အိမ်အားတစ်အိမ်ထောင်လျှင် ဝါးထရံ ( ၄)ချပ်၊ဝါး အလုံး ( ၂၀) လုံး၊သွပ်နန်းကြိုးခွေတစ်ခွေ တန်ဖိုး ငွေကျပ် သုံးသောင်းနှုန်းဖြင့် အိမ်ခြေ ( ၉၀) အိမ်ခြေအတွက် စုစုပေါင်းငွေကျပ် ( ၂၇၀၀၀၀၀)ကျပ်အား မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနလက် ထောက်ညွှန်ကြားရေးမှူး နှင့်အဖွဲ့ဝင်များ၊မြို့နယ်ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာန ဦး စီး မှူး၊ရွှေတောင်မြို့နယ်လုံခြုံရေးအဖွဲ့ဝင်များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်ဒေသခံပြည်သူများပူးပေါင်းကာဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သတင်း - ကိုကိုမင်း

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)