မင်းဘူးခရိုင်/မြို့နယ် စုပေါင်းရုံး (၄)ထပ်ဆောင်ဆောက်လုပ်မှု ၁၀၀ ရာခိုင်နှုန်းပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူးခရိုင်/မြို့နယ် စုပေါင်းရုံး (၄)ထပ်ဆောင်ဆောက်လုပ်မှု ၁၀၀ ရာခိုင်နှုန်းပြီးစီး

 


MNP -  မတ်   ၂၇

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်/မြို့နယ် စုပေါင်းရုံး RC (၄)ထပ်ဆောင် အဆောက်အဦသစ် ဆောက်လုပ်မှု လုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးနေပြီးဖြစ်ကြောင်း အေဝမ်း(A1) ဆောက်လုပ်ရေးကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ ဦးအောင်မြင့်က ပြောသည်။

စုပေါင်းရုံး RC(၄)ထပ်ဆောင် တည်ဆောက်ခြင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု အစိုးရ ခွင့်ပြုရန်ပုံငွေ ၂၁၃၅ ကျပ်သန်းဖြင့် ၂၀၂၁ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ ကြောင်း၊ အလျား ၁၅၆ ပေ x အမြင့် ၇၈ ပေ ၆ လက်မ RC(၄)ထပ်ဖြစ်ပြီး ကြမ်းခင်းဧရိယာ ၅၀၉၁၈ စတုရန်းပေ ကျယ်ဝန်းကြောင်း၊ ယခုလက်ရှိ လုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီး နေပြီဖြစ် ကြောင်း စီမံကိန်းမန်နေဂျာ ဦးအောင်မြင့်ထံက သိရသည်။

“စုပေါင်းရုံး (၄)ထပ်ဆောင်မှာ ဌာနဆိုင်ရာရုံးတွေကို နေရာချထားမှုက မြေညီထပ်မှာ မြို့နယ် ထွေ/ အုပ် ရုံး၊ ခရိုင်ဥပဒေရုံး၊ One Stop Service အဖွဲ့နဲ့ စာပေးစာယူဌာန၊ ပထမထပ်မှာ ခရိုင် လဝကရုံး၊ ခရိုင်/မြို့နယ် ကော်မရှင်ရုံး၊ ခရိုင်ငါးလုပ်ငန်း၊ မြို့နယ်အခွန်ရုံးနဲ့ စုပေါင်းအစည်းအဝေး ခန်းမ၊ ဒုတိယအထပ်မှာ ခရိုင်/မြို့နယ်သစ်တောရုံး၊ မြို့နယ်ဥပဒေရုံးနဲ့ ခရိုင်လယ်/စီရုံးတွေနဲ့ တတိယ အထပ်မှာကတော့ ခရိုင်ထွေ/အုပ်ရုံးတို့ကို အသီးသီးနေရာချထားပေးသွားမှာဖြစ်ပါတယ်” ဟု ခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက‌ ပြောသည်။

အဆိုပါ စုပေါင်းရုံး (၄)ထပ်ဆောင်မှာ မြန်မာနိုင်ငံအတွင်း အကြီးဆုံး စုပေါင်းရုံးဖြစ်ကြောင်း၊  ရုံး အသစ် ဆောက်လုပ်နိုင်ခဲ့သည့်အတွက် ခရိုင်/မြို့နယ် ထွေ/အုပ်ရုံးဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများကို တစ်နေရာထဲတွင် ကျယ်ကျယ်ဝန်းဝန်း အချိတ်ဆက်မိမိဖြင့် ပိုမိုလွယ်ကူလျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

သတင်း - မောင်မောင် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)