ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ဓာတ်အားလိုင်းပေါ်နှင့်ကျောင်းအုတ်တံတိုင်း ပေါ်လဲကျနေသည့် သက်တမ်းရင့်မန်ကျည်းပင်အားရှင်းလင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ဓာတ်အားလိုင်းပေါ်နှင့်ကျောင်းအုတ်တံတိုင်း ပေါ်လဲကျနေသည့် သက်တမ်းရင့်မန်ကျည်းပင်အားရှင်းလင်း

 






MNP - မတ်    ၃၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမှတ်(၅)၊ရှမ်းကုန်းရပ်၊ခြင်္သေ့လှဘုန်း တော်ကြီး ကျောင်းဝင်းအတွင်း ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်က နှစ်ချို့မန် ကျည်းပင်မြေသားခိုင်မာမှု မရှိလဲကျခဲ့ခြင်းကြောင့် ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူနှင့် မီးသတ်ဝန်ထမ်းများ ရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါမန်ကျည်းပင်လဲကျရာသို့ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူးဦကျော်မင်းသူနှင့်မီးသတ် ဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ကျောင်းဝင်းအုတ်တံတိုင်းပေါ်နှင့် ဓာတ်အားလိုင်းပေါ်သို့ပိနေသည့် မန်ကျည်းပင်အား ဝိုင်းဝန်းရှင်းလင်းလျက်ရှိကြောင်း သိရသည်။ အဆိုပါ မန်ကျည်းပင်သည် ပင်စည်လုံးပတ် ၁၀ပေပတ်လည်ခန့်၊အမြင့် ပေ ၄၀ ခန့်ရှိပြီး နှစ်သက်တမ်း ၆၀ခန့်ရှိ မန်ကျည်းပင်ကြီးဖြစ်ကြောင်း၊မန်ကျည်းပင်လဲကျမှု ဖြစ်စဉ်ကြောင့် အဆောက်အဦ၊ လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုတစုံတစ်ရာမရှိကြောင်းသိရပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော် မင်းသူ၊ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်(၆)ဦး၊အ ထောက်အကူပြုယာဉ်(၁)စီး၊ အမှတ်(၅) အရန်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်(၇)ဦးတို့ဖြင့် မြေလှန်လဲကျနေသည့် မန်ကျည်းပင်အား ရှင်းလင်းခဲ့ကြောင်း သိရသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)