ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပြည်သူအားလုံး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပြည်သူအားလုံး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ကွင်းဆင်းဆောင်ရွက်



MNP - မတ်    ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ အသက် ၁၈နှစ်အထက်ရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးရသေးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ တစ်ယောက်မကျန် ထိုးနှံနိုင်ရေးကို စီမံချက်များရေးဆွဲ၍ နေ့စဉ်ကျေးရွာအလိုက် ကွင်းဆင်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစည်သူစန်းနှင့် ကျန်းမာရေးဝန်ထမ်းများ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက ပါဝင်ကူညီဆောင်ရွက်ခဲ့ကြပြီး အသက် ၁၈ နှစ်အထက်ရှိ တစ်ကြိမ်တစ်ခါမှ မထိုးရသေးသူများနှင့် ထပ်ဆောင်းကာကွယ်ဆေး (၆)လပြည့်ပြီးသူများအား ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် သမင်အင်းကုန်း၊ တောင်ခင်၊ ရှမ်းဒိုးတန်း၊ ဘွဲချင်၊ ဂနက်၊ ဂုံမင်းကွင်းအုပ်စုမှ ကျေးရွာများတွင် ထိုးနှံပေးခဲ့သည်။ ယနေ့အထိ ကျေးရွာအုပ်စု(၁၄)အုပ်စု ထိုးနှံပေးခဲ့ပြီး ဆေးထိုးနှံပေးသည့် စုရပ်နေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သွားရောက်၍ ပြည်သူများအား ဆေးထိုးနှံပေးမှု အခြေအနေများကို ကြည့်ရှုပြီး အသိပညာပေး ဆွေးနွေးပွဲများ ပြုလုပ်ကာ လိုအပ်သည်များ ဖြည့်စွက်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း - စန်းစန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)