ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အခြေခံစားသောက်ကုန်များအား ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေး အတွက် ဈေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အခြေခံစားသောက်ကုန်များအား ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေး အတွက် ဈေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချပေး



MNP - မတ်    ၂၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူများ အမှန်တကယ် လိုအပ်သော အခြေခံစားသောက်ကုန်များ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် ယနေ့နံနက် ၁ဝ နာရီအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၂၂)ရပ်ကွက် တွင် ရပ်ကွက်နေပြည်သူများအား ဆန်၊ ဆီနှင့် ကြက်ဥများအား ဈေးနှုန်းချိုသာစွာဖြင့် လာရောက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝင်နှင့် ဝန်ထမ်းများ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဈေးဝယ်လာပြည်သူများ စိတ်အေးချမ်းသာစွာ ဝယ်ယူနိုင်ရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သိရသည်။

အဆိုပါ ဈေးရောင်းချရာတွင် ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေးအတွက် ပေါ်ဆန် တစ်ပြည်လျှင် ငွေကျပ်၁၇၀၀နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ်ကို ငွေကျပ် ၈၅၀၀ ဖြင့်လည်းကောင်း ဆီငါးဆယ်သားတစ်ဘူးကို ငွေကျပ် ၃၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ ကြက်ဥတစ်ကဒ်လျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

သတင်း - အေးမဉ္ဇူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)