ကြို့ပင်ကောက်မြို့တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြို့ပင်ကောက်မြို့တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ



MNP - မတ်     ၂၂

 ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့  နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

 မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များဖြစ်သော မီးဘေး၊ လေဘေးမဖြစ်ပွားမှီ ကြိုတင် ပြင်ဆင် ရမည့်အချက်အလက်များကို ကြိုတင်ပြင်ဆင်နိုင်ရေး၊ သဘာဝဘေးအန္တရာယ် တစ်ခုခု ကြုံတွေ့လာရပါက ချက်ခြင်းတုံ့ပြန်ဆောင်ရွက်နိုင်ရေးတို့အတွက် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီဖွဲ့စည်းထားပြီး သက်ဆိုင်ရာလုပ်ငန်းစဉ်များအတွက် ဆပ်ကော်မတီများ ဖွဲ့စည်း ထားပြီးဖြစ်ကြောင်း၊ ကြို့ပင်ကောက်မြို့ ၂၀၁၈ ခုနှစ် လေဘေးတွင် အိမ်ခြေ ၁၃၅ လုံး၊ ၂၀၁၉ ခုနှစ် လေဘေးတွင် အိမ်ခြေ ၁၉၀၀ ကျော်၊ ၂၀၂၀ ခုနှစ် လေဘေးတွင် အိမ်ခြေ ၆၃ လုံး၊ ၂၀၂၁ ခုနှစ်လေဘေးတွင် အိမ်ခြေ ၂၀၃ လုံးတို့ပျက်စီးခဲ့ကြောင်း လက်ရှိအချိန်တွင်ဖြစ်ပွားနေသော Asani မုန်တိုင်းသည် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်လာပြီဖြစ်၍ ဒေသခံပြည်သူများထံ မုန်တိုင်း သတိပေးချက်များကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးဆောင်ရွက်သွားနိုင်ရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးက ပြောသည်။

အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ပြီး သဘာဝဘေးမဖြစ်ပွားမှီကြိုတင်ပြင်ဆင်ရမည့် အချက်အလက်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်း - ဇေယျာထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)