ကန့်ဘလူမြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးနှင့် Phase- 8 ပထမအကြိမ် ကာကွယ်ဆေးများဆက်လက်ထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကန့်ဘလူမြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးနှင့် Phase- 8 ပထမအကြိမ် ကာကွယ်ဆေးများဆက်လက်ထိုးနှံ



MNP - မတ်    ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး ခြောက်လပြည့်ပြီးသည့် ဌာနဆိုင်ရာဝန်ထမ်းများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းနှင့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများကို Phase- 8 ပထမအကြိမ် ကာကွယ်ဆေးထိုးနှံ ပေးခြင်းတို့ကို ခုတင် ၁၀၀ ပြည်သူ့ဆေးရုံနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန (ဆေးရုံဟောင်း) စုရပ်တို့၌ ယမန်နေ့ နံနက် ၉ နာရီက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဌာနဆိုင်ရာများအား ထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်းနှင့် Phase- 8 ပထမ အကြိမ် ထိုးနှံပေးရာတွင် မတ် ၂၁ ရက်ကစတင်ထိုးနှံပေးရာ အဆနုပါနေ့က ပညာရေးဌာနမှ ဆရာ ဆရာမ ၄၅၁ ဦး၊ Phase- 8 ပထမအကြိမ် ၁၁၉၄ ဦး၊ Phase- 7 ဒုတိယအကြိမ် ၁၀၉ ဦး၊ Phase- 6 ဒုတိယအကြိမ် ၇ ဦး၊ Phase- 5 ဒုတိယအကြိမ် ၁၅ ဦးတို့ကို ကိုဗစ်- ၁၉ ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံပေးသည်။

အဆိုပါကာကွယ်ဆေးထိုးလုပ်ငန်းများ အဆင်ပြေစေရေး မြို့နယ်ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုက်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူဌာနဆိုင်ရာများ၊ ပထမအကြိမ်၊ ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိသူ ပြည်သူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - အောင်ဝင်းငြိမ်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)