ပြည်ပ ကျူးကျော်သူတွေနဲ့ ကိုယ်ကျိုးရှာနိုင်ငံရေးသမား အင်အားစုတွေဟာ တပ်မတော်ကို ပြိုကွဲအောင်ဖြိုခွဲဖို့ ပြည်တွင်း၊ ပြည်ပမှ နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်နေကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပ ကျူးကျော်သူတွေနဲ့ ကိုယ်ကျိုးရှာနိုင်ငံရေးသမား အင်အားစုတွေဟာ တပ်မတော်ကို ပြိုကွဲအောင်ဖြိုခွဲဖို့ ပြည်တွင်း၊ ပြည်ပမှ နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်နေကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောကြား


MNP ၊ မတ် ၂၈

ယမန်နေ့က ကျင်းပခဲ့သော (၇၇)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမိန့်ခွန်းတွင် ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က "ဒို့တပ်မတော်ဟာ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေတဲ့ အင်အားကောင်းမွန်မှုအရှိဆုံး အဖွဲ့အစည်းတစ်ခုဖြစ်တာကြောင့် တပ်တွင်းစည်းလုံးညီညွတ်မှုဟာ အလွန်အရေးကြီးတယ်။ ပြည်ပ ကျူးကျော်သူတွေနဲ့ ကိုယ်ကျိုးရှာနိုင်ငံရေးသမား အင်အားစုတွေဟာ ဒို့တပ်မတော်ကို ပြိုကွဲအောင်ဖြိုခွဲဖို့ ပြည်တွင်း၊ ပြည်ပမှ နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်နေကြတာ ဖြစ်တဲ့အတွက် ကျစ်လျစ် ခိုင်မာတဲ့ တပ်တွင်း စည်းလုံးညီညွတ်ရေး အမြဲရှိနေဖို့ လိုအပ် မှာဖြစ်တယ်။" လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မိန့်ခွန်းမှာ "ဒါကြောင့် တပ်တွင်းစည်းလုံးညီညွတ်မှု တည်တံ့ ခိုင်မြဲစေဖို့ အတွက် ချမှတ်ထားတဲ့ စစ်သည်တော်ကျင့်ဝတ်များအတိုင်း တိတိကျကျ လိုက်နာ ဆောင်ရွက်သွားကြပြီး တပ်မတော်သားများနဲ့ မိသားစုဝင် တွေဟာ မှန်ကန်တဲ့ အသိ၊ အမြင်၊ ယုံကြည်ချက်၊ ခံယူချက် တူညီစွာနဲ့ ရဲဘော်ရဲဘက်စိတ်ထားရှိပြီး ညီအစ်ကို မောင်နှမသဖွယ်၊ မိသားစုသဖွယ် အပြန်အလှန်လေးစားမှု၊ အလေးထားမှုတွေနဲ့ စည်းလုံးညီညွတ်စွာ နေထိုင်သွားကြဖို့ မှာကြားလိုတယ်။ ဒီလို တပ်တွင်းစည်းလုံးညီညွတ်ရေးခိုင်မာဖို့သာမက ပြည်သူ လူထုနဲ့ စည်းလုံးညီညွတ်မှုခိုင်မာဖို့လည်း အရေးကြီးတယ်။ ဒို့တပ်မတော်ဟာ ပြည်သူကြားကပေါက်ဖွားလာတဲ့ တိုင်းရင်းသား ပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ တစ်ခုတည်းသောတပ်မတော်ဖြစ်တဲ့အတွက် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက် ပေးရမှာဖြစ်တဲ့အပြင် ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝလုံခြုံရေးကို လည်း ဘက်ပေါင်းစုံက တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးရမှာ ဖြစ်တယ်။" လို့ ထည့်သွင်း ပြောကြားသွားပါတယ်။

အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေရကြောင်း "၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ရည်ရွယ်ချက်ရှိရှိနဲ့ ဆောင်ရွက်ခဲ့တဲ့ အလွန်ဆိုးဝါးတဲ့ မဲစာရင်း မှားယွင်းမှုတွေအပေါ် တပ်မတော်အနေနဲ့ ဖြေရှင်းပေးဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့်လည်း ဖြေရှင်းပေးခြင်း မရှိခဲ့တဲ့အပြင် တတိယ အကြိမ် လွှတ်တော်ခေါ်ယူပြီး နိုင်ငံတော်ရဲ့ အာဏာအရပ်ရပ်ကို မသမာတဲ့နည်းလမ်းနဲ့ အဓမ္မရယူဖို့ ကြံစည်ကြိုးပမ်းမှုတွေကြောင့် နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာရပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပြီး တော့ နိုင်ငံတော်ရဲ့တာဝန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ခေတ္တ တာဝန်ယူ ထိန်းသိမ်းဆောင်ရွက်နေရတာ ရဲဘော်တို့အသိပဲ ဖြစ် တယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူစကာလက ဆူပူဆန္ဒပြမှုတွေ၊ ကန့်ကွက်မှုတွေ၊ ထောက်ခံမှုတွေ မျိုးစုံရှိခဲ့တယ်။ နောက်ပိုင်းမှာ သာမန်ဆန္ဒပြမှုအဆင့်ကတစ်ဆင့် အကြမ်းဖက်မှု၊ ဖောက်ခွဲမှု၊ လုယက်မှု၊ သတ်ဖြတ်မှုတွေအထိ ဆောင်ရွက်လာခဲ့ ကြတယ်။ တစ်ဖက်ကလည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံအတွင်း စီးပွားရေးနဲ့ပတ်သက်ပြီး ထိခိုက်ခဲ့ရတာတွေရှိတဲ့ အတွက် တပ်မတော် အနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့အညီ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ဆက်လက်လျှောက်လှမ်းနိုင် ဖို့အတွက် ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆောင်ရွက်နေရတယ်။" လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

NLD ပါတီဦးဆောင်သူများဟာ တပ်မတော်က နိုင်ငံတော်တာဝန်များကို လွှဲပြောင်းရယူခဲ့သည့်အချိန်မှစ၍ ဆူပူအကြမ်းဖက်၊ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်၍ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် နည်းမျိုးစုံဖြင့် ဆောင်ရွက်နေကြောင်းကို နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်က မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားခဲ့သော်လည်း ဖွဲ့ဏည်းပုံအခြေခံဥပဒေကို ချိုးဖောက်သော လုပ်ရပ်များ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ချိုးဖောက်သော လုပ်ရပ်များ ကျူးလွန်နေသည့် NLD ပါတီကိုမူ ဖျက်သိမ်းခြင်း မရှိသေးပေ။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)