(၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ




MNP - မတ်   ၂၈

(၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်ဂေါက်သီးရိုက်ပြိုင်ပွဲကို မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းက ဘားအံဂေါက်ကလပ်၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် အရှေ့တောင် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်ဇော်မင်းအောင်တို့က ပြိုင်ပွဲအားဂေါက်သီးရိုက်၍ ဖွင့်လှစ်ပေးလှစ်ပေးခဲ့ကြပြီး ပြိုင်ပွဲဝင် အားကစားသမား  ၁၀၇   ဦးက ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ဂေါက်သီးရိုက်ပြိုင်ပွဲကို အမျိုးသားအကြီးတန်းပြိုင်ပွဲနှင့် အမျိုးသားအငယ်တန်းပြိုင်ပွဲဟူ၍ အတန်း နှစ်တန်းခွဲ ၍ကျင်းပခဲ့ပြီး ညပိုင်းတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမှတ်(၂၂) ခြေလျင် တပ်မဌာနချုပ်ဒုတိယတပ်မမှူးဗိုလ်မှူးကြီးနေလင်းထွန်းက ပြည်နယ်ဝန်ကြီးချုပ်နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးတို့အား ဂါရဝလက်ဆောင်များပေးအပ်ပြီး ဒုတိယ တပ်မမှူးနှင့် လူမှုရေးရာဝန်ကြီးဦးစိုးလွင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ပြိုင်ပွဲအတန်းနှစ်တန်းလုံးရှိ ပြိုင်ပွဲဝင်များအနက် Most Par, Most Birdie, Longest Drive, Nearest Center Line, Nearest Pin, Hidding Hole နှင့် အကြိုးစား ဆုံးအားကစားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

သတင်း - စာမျိုးမင်းသိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)