MNP ၊ မတ် ၂၀
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်သက်သက်ခိုင်နှင့်အဖွဲ့သည် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာနသို့ သွားရောက်၍ မုန်တိုင်းငယ်၏ အခြေအနေကို မပြတ်စောင့်ကြည့်ကာ ပြည်သူများထံသို့ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရ မည့်အချက်များအား ထုတ်ပြန်နိုင်ရေး မှာကြား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာနသို့ သွားရောက်၍ ဘင်္ဂလားပင်လယ်အော်အတွင်း လက်ရှိဖြစ်ပေါ်နေသော မုန်တိုင်းငယ်နှင့်စပ်လျဉ်း၍ နောက်ဆုံးဖြစ်ပေါ်ပြောင်း လဲလာမှုအခြေအနေများ၊ အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်း အနီးမှ ဖြတ်ကျော်ကာ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တောင်ပိုင်းသို့ မုန်တိုင်းငယ် အဖြစ် ဖြတ်ကျော်ဝင်ရောက်နိုင်မှုများနှင့်ပတ်သက်၍ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာနက စောင့်ကြည့် လေ့လာပြီး အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်များ စုစည်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ရာ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန ခေတ္တတာဝန်ခံ ဌာနကြီးမှူး ဦးဝင်းထိန်ကျော်က ယခု ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ် နှင့်ပတ်သက်၍ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များ အပါအဝင် နိုင်ငံတကာမိုးလေဝသ Website များက လေ့လာတွေ့ရှိချက်များအရ မုန်တိုင်းဖြစ်ပေါ်နိုင်မှု အခြေအနေ၊ မိုးရရှိမှုအခြေအနေ၊ ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်၏ အဆင့်ဆင့် ပြောင်းလဲဖြစ်ပေါ်လာမှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနတွင် လက်ရှိဖြစ်ပေါ်နေသော မုန်တိုင်းငယ်နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးကြရာ ပြည်ထောင်စု ဝန်ကြီးက လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်ချိန်မှစ၍ လက်ရှိမုန်တိုင်းငယ် ဖြစ်ပေါ်လာချိန်အထိ EOC အနေဖြင့် အချိန်မပြတ် စောင့်ကြည့်လေ့လာပြီး မှတ်တမ်းများ စနစ်တကျထားရှိကာ အဆင့်ဆင့်သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များနှင့် သတင်းဆက်သွယ်မှုများ ရယူကာကြို တင်ပြင်ဆင် ရေးလုပ်ငန်း များ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းထားရှိပြီး ချိတ်ဆက်ဆောင်ရွက် လျက်ရှိပါကြောင်း၊ မုန်တိုင်းငယ်၏ နောက်ဆုံးဖြစ်ပေါ်ပြောင်းလဲလာမှု အခြေအနေပေါ်လိုက်၍ ဖြစ်ပေါ်လာနိုင်သည့် နေရာဒေသအလိုက် ရာသီဥတုအခြေအနေများနှင့် ဆက်စပ်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေး အန္တရာယ်များကို ပြည်သူများ အနေဖြင့် အချိန်နှင့် တစ်ပြေးညီသိရှိပြီး ကြိုတင်ပြင်ဆင် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် နာရီစဉ် အလိုက် ပြောင်းလဲမှုများ ရှိနိုင်သည်ကို သတိပြုရမှာဖြစ်ပြီး မပြတ်စောင့်ကြည့်ကာ ထုတ်ပြန်ပေးရမှာ ဖြစ်ကြောင်းနှင့် မုန်တိုင်းငယ်အခြေအနေနှင့်ပတ်သက်၍ ထူးခြားလာပါက အဆင့်ဆင့်သော ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် ရေးဆွဲထားရှိသော စီမံချက်များအတိုင်း အရေးပေါ်ဆက်သွယ်နိုင်မည့် နည်းလမ်းများ ကြိုတင် ပြင်ဆင်သတ် မှတ်ကာ စုရပ်နေရာများ ပြင်ဆင်နိုင်ရေးနှင့် ထောက်ပံ့ရေးပစ္စည်း စုပုံပြင်ဆင်ကာ ဖြန့်ခွဲထောက်ပံ့ နိုင်ရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက ယခုမုန်တိုင်းငယ်၏ ပြောင်းလဲဖြစ်ပေါ်မှုများကို အချိန်နှင့်အမျှ သတင်း ပေးပို့နိုင်ရန် ဆောင်ရွက်စေလိုပါကြောင်း၊ မုန်တိုင်းလမ်းကြောင်းနှင့် အနီးဝန်းကျင်ဒေသများရှိ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနရုံးများတွင် ကယ်ဆယ်ရေးပစ္စည်များ၊ အထောက်အကူပြု ပစ္စည်းများ အသင့် ကြိုတင်ပြင်ဆင်ထားကြရန်လိုအပ်ပါကြောင်း၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ဗဟိုဌာန၏ နေ့/ည တာဝန်ကျ ဝန်ထမ်းများအနေဖြင့်လည်း အမြဲမပြတ် စောင့်ကြည့်သတင်းပို့စေရေး မှာကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment