ကျောက်ကြီးမြို့၌ နတ်သံကွင်းဒေသ သရဖီလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ကြီးမြို့၌ နတ်သံကွင်းဒေသ သရဖီလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်



MNP - မတ်    ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းဒေသ မြို့နယ်စည်ပင်သာရေးအဖွဲ့ပိုင် သရဖီလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ယနေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိသည်။

လုပ်ငန်းများအား မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ဌာနမီနီဘတ်ဂျက် (၇.၄၆၀) ကျပ်သန်းဖြင့် သရဖီလမ်း ပေအရှည် (၃၀၄)ပေ၊ အကျယ် (၁၀)ပေ၊ အမြင့်(၈)လက်မ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ကျောက်ကြီးမြို့နယ် စည်ပင်သာယာအဖွဲ့ပိုင် လမ်း (၁၃)လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းအားလုံး မတ်လကုန်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။

အဆိုပါလုပ်ငန်းများပြီးသွားပါက နတ်သံကွင်းဒေသနေ ဒေသခံပြည်သူများ သွားလာရေး အဆင်ပြေမည်ဖြစ်ပြီး လူနေမှုဘဝမြင့်မားရန် နိုင်ငံတော်အစိုးရမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စီမံဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်လျက်ရှိကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)