ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသော (၁၈) နှစ်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသော (၁၈) နှစ်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေး

 


MNP - မတ်    ၂၀

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသော အသက် (၁၈) နှစ် အထက် ပြည်သူများကို ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉) အချိန်တွင် ဆေးထိုးအဖွဲ့ (၈) ဖွဲ့ဖြင့် ရပ်ကွက် (၄) ရပ်ကွက်အား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဆေးထိုးနှံပေးရာတွင် အမှတ် (၈) ရပ်ကွက်၌ လူဦးရေ (၁၀၀၀) အမှတ် (၁၇) ရပ်ကွက်၌ လူဦးရေ (၁၀၀၀)၊ ဇီးကုန်းကျေးရွာ၌ လူဦးရေ (၁၅၀၀) အမှတ် (၇) ရပ်ကွက်၌ လူဦးရေ (၅၀၀) စုစုပေါင်းလူဦးရေ (၄၀၀၀) အား ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ ဆေးထိုးသူများ စနစ်တကျ ဆေးထိုးနိုင်ရန် နေရာများ စီစဉ်ဆောင်ရွက်ထားခြင်း၊ ဆေထိုးပြီးသူများ နားနေနိုင်ရန် နေရာများထားရှိခြင်းနှင့် ဆေးထိုးသူများအား အစဥဉ်ပြေချောမွှေ့အောင် ဆေးထိုးနိုင်ရေးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့်  အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီးရေး အသင်းအဖွဲ့များ၊ စေတနာ့ ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - နေမျိုးထွန်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)